Part 15

180 28 5
                                    

Immune
Part 15

အလွန်မြင့်မားသော မှန်အဆောက်အဦရှေ့သူရောက်နေတာဖြစ်ပြီး ဒီနေရာကိုရောက်နေခြင်းက သူဘယ်တော့မှ မမေ့နိုင်သော နောင်တမရနိုင်သော အမှတ်တရများကို ပြန်ပေါ်လာစေသည်။ အဖြူရောင်ကားပေါ်ကနေ သူဆင်းလိုက်ပြီး Hyeri ကိုလည်း ဆင်းရန် အချက်ပြလိုက်သည်။ သူအဆောက်အဦထဲကိုပြေးဝင်သွားပြီး Hyeri က နောက်ကနေ လိုက်လာသည်။

"Chanyeol ရှင်တကယ် ဒီလိုလုပ်ချင်တာ သေချာရဲ့လား"

သူခေါင်းငြိမ့်ပြလိုက်ပြီး ဧည့်ကြိုကောင်တာနား တိုးကပ်သွားလိုက်သည်။ ကောင်တာရှိ အမျိုးသမီးက သူ့ကိုမော့ကြည့်ပြီး ပြုံးပြကာ ဓာတ်လှေကားဆီ ညွှန်ပြသည်။ အမျိုးသမီးကို ကျေးဇူးတင်စကားပြောပြီးနောက် ဓာတ်လှေကားရှိရာဆီသူပြေးသွားသည်။ နေဗီပြာရောင် ဝတ်စုံနှင့်သူက တော်တော်ကြည့်ကောင်းနေပါသည်။

"Chanyeol အဲ့ဒီအမျိုးသမီးက စကားမပြောတတ်ဘူးလား"

Chanyeol ပြုံးရင်း ခေါင်းခါပြလိုက်ပြီးနောက် ဓာတ်လှေကားထဲဝင်ခဲ့ကြသည်။ အပေါ်ရောက်ဖို့ နီးလာလေ သူစိတ်လှုပ်ရှားလာလေဖြစ်သည်။

"Hyeri ဒီဝတ်စုံက ဈေးပေါပြီး ကြည့်မကောင်းဘူးလားလို့"

"ဈေးမပေါပါဘူး ရှင့်အတွက် အထူးမှာပေးလိုက်တာကို"

Hyeri က Chanyeol ကို ပြန်ပြောလိုက်ပြီးနောက် ဓာတ်လှေကားဆီမှ အပေါ်ဆုံးထပ်ရောက်သွားသောကြောင့် အချက်ပေးသံပေါ်လာသည်။ Chanyeol အသက်ပြင်းပြင်းရှုလိုက်ပြီး ဓာတ်လှေကားအပြင်ဘက်ထွက်လိုက်တာနဲ့ကို ရင်းနှီးနေပြီးသား ရနံ့တစ်ခုကို ရလိုက်သည်။ Kyungsoo အခန်းတံခါးရှေ့မှာရပ်ပြီး တံခါးခေါက်ဖို့ ပြင်လိုက်တုန်းမှာပဲ Hyeri က လှမ်းတားလိုက်သည်။

"ခဏလေး ရှင့်ဆံပင်ကို သပ်ရပ်အောင် ပြင်ပေးဦးမယ်"

Hyeri က သူ့ရဲ့ အညိုရောင်တောက်တောက်ဆံပင်ကို ဝတ်စုံနဲ့လိုက်ဖက်အောင် ဘေးကိုသပ်ပေးလိုက်သည်။

"ရပြီ"

ထို့နောက် သူ့ပါးများကို ဆွဲလိုက်ပြီး...

"Aigoo...Chanyeol...ရှင်တအား ချစ်စရာကောင်းနေတာပဲ"

Hyeri လက်ကို ပုတ်ချလိုက်ပြီး သူအသက်ပြင်းပြင်းပြန်ရှုသည်။ တံခါးခေါက်ဖို့ ပြင်လိုက်ပြီးမှ သူ့မှာ သော့ရှိနေတာကို သတိရသွားသည်။ သူတံခါးဖွင့်ပြီးသွားတာနဲ့ Hyeri ကလည်း ဓာတ်လှေကားဘက်ကို ပြန်သွားရန်ပြင်လိုက်သည်။

IMMUNE [Translation]Where stories live. Discover now