Part 9

154 28 3
                                    

Immune
Part 9

"Chanyeol-ssi အဲ့ဒီထဲမှာ ဘယ်လောက်ကြာအောင်နေနေမှာလဲ"

ရေချိုးခန်းတံခါးအပြင်ဘက်က Kyungsoo အသံကို ကြားလိုက်ရသည်။
Chanyeol-ssi ဆိုပဲ ဘာဖြစ်ရပြန်တာလဲ။
Chanyeol လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး...

"ကိုယ့််ရဲ့ ဆွယ်တာ ပေးလို့ရလား
ကိုယ်အဝတ်မပါဘဲထွက်လာတာမျိုး မင်းလည်းမမြင်ချင်လောက်ဘူးမလား"

သူ့ကိုယ်ပေါ်မှာ Chanyeol အင်္ကျီရှိနေတုန်းမှန်း သိသွားတော့ Kyungsoo ရှက်သွားသည်။ Sehun အတင်းဝယ်ခိုင်းထားတဲ့ နံရံကပ် တီဗီကြီးပေါ်က နာရီကိုလှမ်းကြည့်လိုက်တော့ နေ့ခင်း ၁ နာရီ ၄၅ မိနစ်။

"ဆောရီး..."

Kyungsoo ပြောရင်းနဲ့ပဲ ကိုယ်ပေါ်က ဆွယ်တာကို ဆွဲချွတ်လိုက်သည်။ ရေပန်းဖွင့်သံကြားပြီး ရေကျသံကြားသောကြောင့် Chanyeol ရေချိုးနေပြီမှန်းသိလိုက်သည်။ သူလည်းရေချိုးဖို့လိုနေသောကြောင့် တခြားအခန်းထဲက ရေချိုးခန်းဆီသွားလိုက်သည်။ ၁၅ မိနစ်လောက်ကြာပြီးတော့ အနက်ရောင်ဂျင်းဘောင်းဘီနဲ့ HUGO BOSS အင်္ကျီအနက်ကို လဲဝတ်လိုက်သည်။

Chanyeol ရှိနေတဲ့အခန်းတံခါးကို ၂ ချက်ဆင့်ခေါက်လိုက်ပြီး ဆွယ်တာပြန်ပေးဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာ Chanyeol က တခြားအတွေးတစ်ခုရှိနေခဲ့သည်။ တံခါးကိုဖွင့်ပြီးတာနဲ့ Kyungsoo လက်ကောက်ဝတ်ကနေဆွဲယူလိုက်ပြီး တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

"Kyungsoo-yah...ကိုယ့်ကို ဒီတစ်ညလောက်ပေးနေပါဦး
အိမ်မှာလေ အဖေနဲ့ပြဿနာတွေအများကြီးရှိနေတယ် ကိုယ်မဖြေရှင်းနိုင်သေးဘူး"

Kyungsoo အံ့ဩသွားသလို စိတ်လည်းရှုပ်ထွေးသွားသည်။

ပထမအချက်...Chanyeol က ရေချိုးပြီးစဖြစ်သောကြောင့် ကိုယ်မှာရေတွေစိုနေပြီး ခါးပေါ်က သဘက်တစ်ထည်အပြင် ဘာမှဝတ်မထား။

ဒုတိယအချက်...Chanyeol ဆီက Kyungsoo-yah ဆိုသည့်ခေါ်သံက သူတို့အတူရှိနေသည့်ညကို သတိရသွားစေသည်။

တတိယအချက်...Kyungsoo က သူနဲ့ ညီအစ်ကိုလိုဖြစ်နေတဲ့ Sehun အပြင် ဘယ်သူ့ကိုမှ အိမ်မှာ ညအိပ်တာ လက်မခံခဲ့ဖူးပေ။

IMMUNE [Translation]Where stories live. Discover now