Part 18

182 30 2
                                    

Immune
Part 18

Baekhyun နမ်းနေရာကနေ ရပ်လိုက်ပြီး နှုတ်ခမ်းချင်းခွာလိုက်တာနဲ့ Jongdae က သူ့နှုတ်ခမ်းပေါ်လက်နှင့်အုပ်လိုက်ပြီး သူတို့ဘာလုပ်မိခဲ့ကြလဲဆိုတာကိုပြန်စဉ်းစားနေရသည်။ Baekhyun ဘာမှမပြောနိုင်ခင်မှာပဲ အခန်းထဲမှာ ပါးရိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပါးပြင်ပေါ်မှာ နာကျင်မှုအနည်းငယ်ကို ခံစားရသည်။

"မင်း ဘယ်လိုများ..လုပ်ရဲလိုက်တာ..ငါ့မှာ ရည်းစားရှိတယ်"

Baekhyun က သူ့ကို မျက်နှာသေနှင့်ပြန်ကြည့်နေသည်။ ပါးရိုက်ခံရတာ အသားကျနေသောကြောင့် သူ့မှာ ဘာခံစားချက်မှ ရှိမနေ။

"မင်းလည်း ငါ့ကို ပြန်နမ်းတယ်
ပြီးတော့ သူက မင်းရဲ့ရည်းစားမဟုတ်ဘူး လူရှုပ်လူပွေ"

အခန်းထဲမှာ ပါးရိုက်သံ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာသည်။

"မင်းသူ့ကို အဲ့ဒီလိုမပြောနဲ့"

Baekhyun နှလုံးသားတွေ ကွဲကြွေသွားသလိုခံစားရသည်။ သူအရမ်း သဘောကျတဲ့ သူ့အဖေက မျက်နှာဖုံးစွပ်ထားတတ်တဲ့သူမှန်းသိပြီး ကွဲကြေခံစားခဲ့ရသလိုမျိုးဖြစ်သည်။ သူခေါင်းငုံ့လိုက်တော့ ပါးပြင်ပေါ်မှာ မျက်ရည်များ ဖြတ်စီးသွားသည်။ သူ နောက်တစ်ကြိမ် တစ်စုံတစ်ယောက်ဆီက အငြင်းခံရပြန်တာပဲ။

Jongdae က သူဘာလုပ်မိသွားတယ်ဆိုတာကို သတိထားမိသွားပြီး Baekhyun မျက်နှာကို လက်နှစ်ဖက်နှင့်ပင့်ယူကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။

အမှန်အတိုင်းပြောရရင် အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေအပေါ် Jongdae ကောင်းကောင်းနားမလည်နိုင်သေး။ ပထမဆုံး သူချစ်ခဲ့တဲ့လူ၊ သူ့အပေါ် သစ္စာဖောက်ခဲ့တဲ့လူက သူ့ဆီပြန်လာသည်။ ဒုတိယတစ်ခုက သူ့အတွေးထဲ တောက်လျောက် ထုတ်ပစ်လို့မရတဲ့သူက သူ့ကိုနမ်းခဲ့သည်။

"Baekhyun...ငါတောင်းပန်ပါတယ် နာသွားလား"

Jongdae က ပါးပြင်ကို ပွတ်သပ်ရင်းမေးသည်။ Baekhyun မျက်နှာကို ပြန်မော့ပြီး တစ်ဖက်လူကိုကြည့်လိုက်တော့ ထိုသူရဲ့ ညိုဖျော့ဖျော့မျက်ဆံလေးတွေမှာ မျက်ရည်များဖြင့် ဖုံးလွှမ်းလို့နေသည်။ Jongdae နှလုံးခုန်သံများ စီးချက်မမှန်ချင်တော့။ သူ့ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိသည်။ Baekhyun ရဲ့ဒီလိုပုံစံကို သူကလွဲလို့ တခြားသူများကို ပေးမမြင်ချင်။ Baekhhyun ရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ တင်းနေအောင်ကိုင်လိုက်ပြီးနောက် သူတို့နှုတ်ခမ်းများ နောက်တစ်ကြိမ် ထိကပ်သွားကြတော့သည်။ Baekhyun က အနမ်းကို ချက်ချင်း တုန့်ပြန်သည်။ သူ့နှလုံးသားကလည်း သူမတွေးနိုင်လောက်အောင်ကို မြန်ဆန်စွာ ခုန်ပေါက်နေတော့သည်။

IMMUNE [Translation]Where stories live. Discover now