Part 24

127 22 1
                                    

Immune
Part 24

Chanyeol POV:

နေ့ရက်တစ်ခုကို သတ်မှတ်လိုက်ပြီဖြစ်သည်။ April လ 26 ရက်နေ့။ သူက ကျွန်တော့်အပိုင်ဖြစ်လာမဲ့နေ့။

"Park Kyungsoo"

မျိုးရိုးပြောင်းလိုက်သည့်နာမည်ကိုရွတ်ကြည့်ပြီး ကျွန်တော့်ပါးစပ်က တစ်မျိုးတစ်မည်ခံစားမှုမျိုးကို ခံစားရသည်။ လက်ထပ်ဖို့ရက်မတိုင်မီ နှစ်လလောက်လိုနေသေးတယ်ဆိုပေမဲ့ အချိန်တွေကမြန်မြန်ကုန်ဆုံးလို့နေသည်။ အလုပ်တွေတောက်လျောက်များနေပေမဲ့ ကျွန်တော်သဘောကျသည်။

ကျွန်တော်နာရီကိုငုံ့ကြည့်ပြီး သက်ပြင်းပူပူကိုမှုတ်ထုတ်လိုက်သည်။ အိမ်ပြန်ချိန်ရောက်ဖို့ တစ်နာရီလိုသေးသည်။ ကျွန်တော်တို့အိမ်...။

နှစ်ဖက်တွေ့ဆုံမှုအပြီး အဖေနှစ်ဦးလုံးက ကျွန်တော်တို့ကို အတူတူနေကြဖို့ ခွင့်ပြုခဲ့သည်။ Kyungsoo ကတော့ ပျော်မနေပါ။ ကျွန်တော်ကတော့ သူ့ရဲ့ တုန့်ပြန်မှုပုံစံတွေကိုကြည့်ပြီး ပျော်ရွှင်ရသည်။

အဓိပ္ပါယ်မရှိတဲ့ စာရွက်စာတမ်းအချို့နဲ့အချိန်ကုန်ပြီးနောက် ကျွန်တော် အဖေ့ကုမ္ပဏီအဆောက်အဦကနေ ထွက်ပြီး ကားရှိရာဆီသို့သွားလိုက်သည်။ အိမ်ကိုရောက်ရောက်ချင်းပဲ အခန်းထဲပြေးဝင်ပြီး တံခါးပေါက်ဘက်ကိုမျက်နှာမူရပ်နေတဲ့ Kyugsoo ရဲ့ ကျောပြင်လေးကိုကြည့်လိုက်သည်။ သူက ကျွန်တော့်ရဲ့ over size ရှပ်တစ်ထည်ကိုဝတ်ထားသည်။ မနက်က အိမ်ကို Jongdae ရောက်လာသောကြောင့် အမြန်ကောက်စွပ်ထားတာဖြစ်သည်။

သူက ဖုန်းပြောနေသည်။ Sehun နှင့်ပြောနေတာဖြစ်နိုင်သည်။ ကျွန်တော်ပြုံးပြီး သူ့ကိုအနောက်ကနေ ပွေ့ဖက်လိုက်တော့ သူ့ဆီက အသံသေးသေးလေးထွက်လာသည်။

"Chanyeol...ငါ့ကိုလွှတ်စမ်းပါ"

Kyungsoo ပြောတာနဲ့ကျွန်တော်လည်း လွှတ်ပေးကာ တောင်းပန်လိုက်သည်။ ထို့နောက် Sehun ဆီကမကျေမနပ်သံကြားရပြီး Kyungsoo ကဖုန်းချလိုက်သည်။ သူက ကျွန်တော့်ဘက်လှည့်လာကာ ပြုံးပြပြီး ကျွန်တော့်ကိုဖွဖွလေး လာဖက်သည်။ သူ့ရဲ့ဆံပင်လေးတွေကို သပ်ပေးလိုက်ပြီးမှ ကျွန်တော်လည်း ဂရုတစိုက်ပြန်ဖက်ထားလိုက်သည်။

IMMUNE [Translation]Where stories live. Discover now