Part 5

213 41 1
                                    

Immune
Part 5

Chanyeol POV:

Mark က ကျွန်တော့်ကို ဆိုင်ထောင့်ဆွဲခေါ်သွားပြီး တကယ်ကို သိချင်စူးစမ်းတဲ့အကြည့်နဲ့ကြည့်ကာ မေးသည်။

"Chanyeol-ssi အဲ့ဒီကောင်လေးကို သိလား"

ကျွန်တော် Mark ကို လိမ်လို့မရဘူး။ ဒါပေမဲ့ ကျွန်တော့်အကြောင်းတွေ သူ့ကို သိမသွားစေချင်ဘူး။

"ဟင့်အင်း...ဘာလို့လဲ"

ကျွန်တော်ပြန်မေးတော့ သူက ဘာမှမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းယမ်းပြသည်။

"ဒါဆို ငါတို့က အခု ဘာလုပ်ရမှာလဲ"

"ကျွန်တော်တို့ ဒီကို Chenle နဲ့ နေ့လည်စာစားဖို့ လာကြတာလေ
အဲ့ဒီတော့ သူတို့နဲ့ အတူတူစားရမှာပဲ အဲ့ဒီ လူသေးသေးလေးလည်းပါတယ်"

Mark က အရယ်တစ်ဝက်နဲ့ပြောတော့ ကျွန်တော့်မျက်ခုံးကို ပင့်ပြီးပြန်မေးလိုက်သည်။

"ဒါနဲ့ မင်းသူ့အကြောင်း နည်းနည်းပါးပါးသိလား"

"မသိဘူး"

ကျွန်တော်တို့ စကားပြောနေတုန်း အသေးကောင်လေးရောက်လာပြီး Mark ရဲ့ ပခုံးကို လာပုတ်သည်။

"ဟို...ဟိုင်း"

သူက စကားပြောနေရင်း သူ့လက်ချောင်းသေးသေးလေးတွေ အချင်းချင်းလိမ်ယှက်နေသေးသည်။

ချစ်စရာကောင်းလိုက်တာ...နေပါဦး ခုနကပဲ အမြင်ကတ်စရာကောင်းနေခဲ့တယ်မဟုတ်လား။

Sehun POV:

"ဘာလဲ Chenle မင်းဘာလို့ Kyungsoo ကို ဒီတိုင်းကြီးထားခဲ့တာလဲ"

ကျွန်တော် စိတ်အလိုမကျပြောလိုက်မိသည်။ ထိုအချိန်မှာ Kyungsoo က တခြားသူတွေနားသွားနေတာကို သတိမထားခဲ့မိ။

"ဆောရီး..အစ်ကို Sehun"

Chenle က ခေါင်းငုံ့လိုက်ပြီး သူ့ရှုးဖိနပ်ထိပ်လေးတွေကို ငုံ့ကြည့်နေသည်။ ကျွန်တော် လွန်သွားမှန်းသိတော့ Chenle ကို ပြန်တောင်းပန်ရသည်။

"မဟုတ်ဘူး...ငါက တောင်းပန်ရမှာ"

ကျွန်တော် စိတ်ရှုပ်ရှုပ်နဲ့ နှဖူးကိုကုတ်လိုက်ရင်း...

IMMUNE [Translation]Where stories live. Discover now