Immune
Part 12မြွေ...လူပုလေး... ကျွန်တော်က သူ့အတွက် အဲ့လိုအစားမျိုးလား။
တစ်ညတာ အတူကုန်ဆုံးတယ်ဆိုတာလောက်ဆို ကျွန်တော်လက်ခံတယ်။
အပြည့်အဝလက်ခံပေးနိုင်ပေမဲ့ မြွေလိုလူ ဆိုတာမျိုးကတော့ ကျွန်တော်သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီ။Chanyeol နဲ့ Sehun ဘာမှပြောမလာခင် Kyungsoo ကျောခိုင်းပြီး ထွက်ပြေးလာခဲ့သည်။ အဆက်မပြတ်ကျနေတဲ့ မျက်ရည်တွေကြောင့် လူတွေက သူ့ကိုကြည့်ကာ တီးတိုးပြောဆိုနေကြသည်။ စူးစမ်းတဲ့အကြည့်တွေနဲ့ အာရုံစိုက်လာမှုတွေကြောင့် သူ့ခေါင်းတွေ ချာလည်နေအောင် မူးလာသည်။
သူပြေးနိုင်သလောက် မြန်မြန်ပြေးသည်။ နောက်ကနေ ခြေသံခပ်ပြင်းပြင်းနဲ့ပြေးလိုက်နေသံကိုကြားရသည်။ ထိုခြေသံကနေ လွတ်အောင် ပြေးနေသော်လည်း သူမလွတ်နိုင်ခဲ့ပါ။ ပြေးနေတာကို ရပ်လိုက်ပြီး အသက်ကို လုရှုနေရသည်။ အေးစက်တဲ့လေတွေကလည်း သူ့မျက်နှာကို လာရောက်ထိခတ်လို့နေသည်။
ဝေးနေသော်လည်း သူ့နာမည်ခေါ်သံကို ပြတ်ပြတ်သားသားကြားလိုက်ရသည်။
အဲ့ဒီလူဖြစ်နေလို့ တော်သေးတာပေါ့။ သူယုံကြည်လို့ရတဲ့သူ အမြဲတမ်းသူ့ဘေးမှာရှိနေတတ်တဲ့သူ။ Kyungsoo နောက်ကိုလှည့်ပြီး သူ့ကို ကာကွယ်ပေးနေကျလူရဲ့ လက်မောင်းတွေကြား ပြေးဝင်လိုက်သည်။"Sehun..."
Sehun ရင်ခွင်ကြားမှာ ငိုရှိုက်နေမိသည်။
"ငါဘာလို့ ဒီလို ခံစားနေရတာလဲ Hunnie...
ဒီခံစားချက်ကြီးကို ငါမုန်းတယ် အရမ်းလည်း နာကျင်ရတယ်"ဖက်ထားတာကို လွှတ်လိုက်ပြီး Sehun မျက်နှာကိုကြည့်ရင်း သူ့လက်ကိုယူကာ Kyungsoo ရင်ဘတ်ပေါ်တင်လိုက်သည်။
"ဘာလို့ ဒီနားကနာနေရတာလဲ ဟင်
ငါ့ကိုပြောပါဦး Sehun.."Sehun က ဘာမှပြန်မပြောဘဲ တောင့်တောင့်ကြီးရပ်နေသောကြောင့် Kyungsoo ရဲ့လက်သီးဆုပ်လေးတွေက Sehun ကိုယ်ပေါ် ထုရိုက်လာသည်။
"Sehun..ပြောလေ"
Kyungsoo စိတ်ငြိမ်သွားတဲ့အထိ စောင့်နေပေးပြီးမှ Sehun က စပြောသည်။