intro

4.2K 164 8
                                    

Unicode

ကတ္ထီပါကောဇောနီထပ်ကြွကြွရွရွခြေလှမ်းတို့ဖြင့် တစ်လှမ်းချင်းလျှောက်လာသည့်လူငယ်...။

မီဒီယာသမားများနဲ့သတင်းထောက်များသာမက ချစ်ကြောင်းကြိုက်ကြောင်းရေးထားသည့်ဆိုင်းဘုတ်များကိုယ်စီနဲ့မိန်းကလေးတစ်အုပ်စုကလဲ ဖုန်းထုတ်သူကထုတ်,ကင်မရာထုတ်သူကထုတ့နှင့် တပြိုင်နက်ထဲ ထိုလူငယ်အား အမိအရမှတ်တမ်းတင်နေတော့သည်။

ဓာတ်ပုံရိုက်ရန်ကန့်သတ်ပေးထားသည့်နေရာရောက်တော့ ထိုလူငယ်ဟာ တပ်ထားသည့်နေကာမျက်မှန်ကိုချွတ်ရင်း အနေအထားအမျိုးမျိုးပြောင်းကာ မှတ်တမ်းတင်ခံနေသည်။

တခြားသောအနုပညာရှင်များနှင့်နာမည်ရသရုပ်ဆောင်များစွာထပ်ကို ပရိတ်သတ်ပိုများသည့်သူမို့ သူခန်းမထဲရောက်သည်နှင့် ပွဲဟာအော်ဟစ်ရွှင်မြူးသံတို့ဖြင့်ဆူညံသွားရသည်။

ထိုသူကတော့တခြားမဟုတ် နာမည်ကြီးအဆိုတော်တစ်ဦးလည်းဖြစ်သလို မော်ဒယ်လောကတွင်ပါနတ်ဘုရားဟုတင်စားခံထားရသည့် အနုပညာနာမည် JK ဟုအမည်တွင်ပြီး
အမည်အရင်းကတော့ Jeon JungKook ဆိုသူပင်...။

နှုတ်ခမ်းပါးပါးအောက်ကမှဲ့နက်လေးနဲ့အတူ မဲ့ပြုံးပြုံးရင်တောင် အသည်းများကြေမွသွားမည့်နှယ် စွဲမက်ဖွယ်ကောင်းလွန်းသော ပုရိသ...။

မိန်းကလေးများတင်မဟုတ် ယောက်ျားလေးများပါနှစ်သက်သဘောကျရသည့် တက်သစ်ဟုမထင်ရလောက်အောင်ကို ကျော်ကြားမှုအပြည့်အဝရထားသူဆိုလဲမမှားပေ။

အပေါ်အောက်အနက်ရောင် လယ်သာပြောင်နှင့် ပြောင်လက်နေသည့် ရူးဖိနပ်အနက်ရောင်ဝတ်ဆင်ထားပြီး အပေါ်ကုတ်အင်္ကျီကလည်းလယ်သာပြောင်ကိုမှ တစ်ဖျက်ဖျက်ထနေသည့်စိန်တို့ဖြင့် လှပစွာပုံဖော်ပေးထားသည်မို့ နက်မှောင်နေသော်ငြား မီးရောင်များမထိုးထားရင်တောင် သူတစ်ကိုယ်ထဲတောက်ပနေဆဲ...။

''ဟေး...အဲ့ဒါ ဒီဇိုင်နာ V မဟုတ်လား ''

မော်ဒယ်JKကို ရင်သက်ရူမောနေကြသည့် လူများသည်လည်း ထိုအသံကြားသည်နှင့် Vဆိုသူဘက်ကို အာရုံလှည့်ကြတော့သည်...။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now