Part (8)

986 75 12
                                    

Unicode

နားနေခန်းအတွင်း ဖုန်းကိုကြည့်ရင်း အလိုမကျဖြစ်နေရသူမှာ jungkookပင်။ တစ်ပတ်လုံးလုံး အားလပ်ချိန်မရှိသည်မို့ taehyungထံသွားမတွေ့နိုင်ခဲ့ပါ။

ဖုန်းဆက်သော်လည်း စက်ပိတ်ထားလိုက် မကိုင်လိုက်မို့ အတော်လေးကိုစိတ်ဓာတ်ကျနေရပြီဖြစ်သည်။

''kookie ရိုက်ကွင်းက ၁၀မိနစ်နေရင် ပြန်စမယ်နော် ဒီတစ်ခါတော့သေချာလေးလုပ်''

ဖုန်းဆက်မရသည်ကိုပဲစိတ်ရောက်နေသည်မို့ jungkook အလုပ်ထဲလည်းအာရုံမစိုက်နိုင်သည်မို့ အယောင်ယောင်အမှားမှားတွေသာဖြစ်နေရပြီး တစ်ပတ်လုံးလုံး ဖြစ်ဖြစ်မြောက်မြောက်ရယ်လို့ အဆင်ပြေသွားသည်ကိုမရှိခဲ့ပေ။

''hyung...ကျွန်တော် မေးစရာရှိတယ်''

''မေးလေ မဟုတ်လည်း hyungကမေးချင်နေတာ kookie ဒီတလော အရမ်းမှိုင်နေတာ''

hoseok ကထိုသို့ပြောကာ jungkookဘေးကခုံနားဝင်ထိုင်ရင်း jungkookပြောလာမည်ကိုအာရုံစိုက်နားစွင့်လိုက်သည်။

''နမ်းပြီးတဲ့အခြေအနေထိ ရှိခဲ့တဲ့လူနှစ်ယောက်မှာ တစ်ယောက်က အနမ်းခံရပြီးနောက်ပိုင်း မဆက်သွယ်တော့တာ ဘယ်လိုအဓိပ္ပါယ်လဲ''

''ဟမ်...kookie ဘယ်သူနဲ့နမ်းလာပြန်ပြီလဲ''

ထိုင်နေရင်းမှ ချက်ချင်းထကာ ပြာတီးပြာယာမေးလာသည့် hoseokကြောင့် jungkook မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ

''ကျွန်တော့်မဟုတ်ပါဘူး။ ကျွန်တော်အသိတစ်ယောက်ပါ။ ''

hoseokကတော့ မယုံပါဘူးဆိုသည့်အတိုင်း မျက်မှောင်ကျုံ့ကာ ခါးလဲထောက်ထားသေးသည်။

မသိလျှင် အပြစ်လုပ်ထားသည့် ကလေးကို အမေကစစ်မေးနေသည်နှင့်တောင်တူနေပါသေးသည်။

'ဘာလို့လဲလို့ ပြောပြပါhyungရဲ့''

hoseokကိုအကြည့်ချင်းမဆုံစေပဲ မသိချင်ဟန်ဆောင်ကာ ဆက်မေးသည်။

''သဘောမကျလို့ပဲပေါ့ ။သဘောကျနေရင် အတွဲတွေဖြစ်သွားလောက်ပြီလေ''

''သဘောကျတဲ့ပုံပေါ်နေခဲ့တာကို''
ထိုစကားကို jungkook ခပ်တိုးတိုးရေရွတ်မိသော်လည်း hoseokကနားပါးသူပီပီကြားဖြစ်အောင်ကြားလိုက်ရပါသည်။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now