Part (21)

664 50 13
                                    

Unicode

ဆေးရုံရောက်ရောက်ချင်း ကြိုဆိုနေသည့်မြင်ကွင်းကတော့ ဆေးရုံဝတ်စုံဖြူနှင့်ပုံရိပ်လေးကို သူနာပြုများနှင့် ဆရာဝန်များက ဝိုင်းထိန်းနေရသည်ပင်။

''အဲ့ဒီဆရာဝန်...တာဝန်မဲ့တဲ့ဆရာဝန်ကို ငါ့jungkookieနား အကပ်မခံဘူး။ တခြားသူခေါ်ပေး တခြားသူကုပေး။''

ရုန်းရင်းဆန်ခတ်အခြေအနေကြားက ဆရာဝန်ဖြစ်သူကို ဆွဲထိုးပြန်သည်။ အားအင်နည်းနေတာမို့ ထင်သလောက်မနာကျင်သွားနိုင်ပေမယ့် အားနာရသည်မို့

''taehyung...တော်ပါတော့!!။ ကုသမှုကိုကြန့်ကြာအောင် မလုပ်ပါနဲ့။ အခုလိုလုပ်နေရင် jungkookအတွက် ဘာမှကောင်းကျိုးမှမရှိဘူး။ သူ့ကို တစ်ခုခုဖြစ်သွားစေချင်နေလား။''

jiminဝင်ဟန့်လိုက်တော့မှ ခုနရန်ရှာနေသည့်ပုံရိပ်လေးမှာ ချက်ချင်းငြိမ်ကျသွားပြီး သူ့ကုတင်ပေါ်သူသွားထိုင်တော့သည်။

ထိုင်လျက်နဲ့ပင် jungkookကိုကြည့်ရင်း မျက်ရည်များစီးကျနေပြန်သည်။

တစ်ရက်မပြည့်သည့်နာရီပိုင်းအချိန်လေးမှာပင် taehyung မှာ မျက်ကွင်းညိုများ, နီရဲနေသည့်မျက်သားများနှင့် မို့ဖောင်းနေသည့် မျက်ခွံတွေသာ မျက်နှာထပ်နေရာယူနေပြီး ခြေဖဝါး နှင့် လက်တွေမှာလည်း ခြစ်ရာရှရာတွေဖြင့် သွေးစို့နေကာ အားအင်များ မရှိတော့သည့်နှယ် ဖျော့တော့လွန်းလှသည်။

ဆေးထည့်ပေးသည့်တစ်လျှောက်လုံး ဘာအသံမှမထွက်။ ဓားရှရာလေးကိုတောင် ကိစ္စကြီးငယ် လုပ်တတ်သည့် အရင်ကtaehyungမဟုတ်တော့သည်အတိုင်း တည်ငြိမ်နေသည်။

''မနာဘူးလား''

မေးသည်ကိုလည်း မဖြေပဲ jungkookကိုသာ တွေတွေကြီးကြည့်နေပြန်သည်။

ဆေးထည့်ပြီး အချိန်တစ်ခုကြာသည်အထိ taehyungမှာ ထိုပုံစံအတိုင်းသာ မှိုင်ကျနေသည်မို့ jiminလည်း သက်ပြင်းအထပ်ထပ်သာ ချမိနေတော့သည်။

''Park Jimin shi...ခဏလောက်''

အခန်းဝမှ jungkookကိုတာဝန်ယူထားသည့် ဆရာဝန် လှမ်းခေါ်နေတာမို့ taehyungကို တစ်လှည့်ပြန်ကြည့်ကာ

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now