Part (10)

1K 64 6
                                    

Unicode

Jeon Jungkookနဲ့ဆို သူမဟုတ်တဲ့အတိုင်း ပြောင်းလဲသွားတတ်သည့် taehyungစိတ်ကို jimin အစထဲက သိနှင့်ခဲ့ပြီးသား...။

သို့သော် လက်တွေ့မှာ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး သူတို့နီးစပ်သွားလိမ့်မယ်လို့ jiminမထင်မိခဲ့...။

taehyungက Jungkookကို Doyoung လိုမဖြစ်စေဖို့အတွက် ဒီနည်းသုံးပြီး လမ်းပြောင်းပေးလိုက်သည်ဟု ထင်ရအောင်လည်း မချစ်တတ်သည့် taehyungက ဒီလူဘာမှမဖြစ်ဖို့အတွက်နဲ့ စိတ်မပါပဲ ဒီသူစိမ်းနဲ့တွဲသွားတွဲလာ လုပ်လိုက်မည့် လူစားမျိုးလည်း ဟုတ်မနေပေ။

taehyungဆေးရုံခန်းရဲ့ အခန်းဝမှပဲ jimin သက်ပြင်းခပ်သဲ့သဲ့ကို ကြိမ်ဖန်များစွာချမိနေသည်။

အနားကမထွက်သွားနိုင်သူဖြစ်သည့်အပြင် ကိုယ်လိုချင်သည့် အခြေအနေမရတောင် ထိုသူ့ဘေးနား ဘယ်လိုနေရနေရ နေထိုင်သွားဖို့ ဆန္ဒရှိသူမို့ jimin taehyungရဲ့သူငယ်ချင်းအဖြစ်တော့ jungkookကို ကြည်ဖြူပေးရတော့မည်ဖြစ်သည်။

''min''

အတွေးလွန်နေဆဲအချိန် taehyungက ပုခုံးကိုကိုင်ကာ ခေါ်လိုက်မှ jimin လက်ရှိအခြေအနေကိုပြန်ရောက်ရှိလာသည်။

''ဒီမှာဘာလုပ်နေတာလဲ အထဲမဝင်ပဲ''

''ဝင်မှာ ''

''ဒါဆိုလည်း လာလေ''

taehyung က ပုံမှန်ထက်ပိုမိုကာ ရွှင်မြူးတက်ကြွနေသည်။

ဒါတွေက ကိုယ့်ကြောင့်မဟုတ်ဘူးဆိုတဲ့အသိက jeon jungkook ကို မနာလိုစိတ်ဖြစ်စေသည်။

''tae...''

jiminအသံက ခါတိုင်းထက် တိုးတိတ်နေပြီး မျက်နှာလည်းလုံးဝကောင်းမနေ

''အော ငါနားထောင်နေတယ် min''

''ငါသာ မင်းနဲ့သူငယ်ချင်း မလုပ်ခဲ့ရင် ငါတို့ကြားတစ်ခုခုပြောင်းလဲသွားနိုင်လား''

jiminရဲ့ အမေးကို taehyung ချက်ချင်းမဖြေ

ကုတင်ပေါ်မှ ထကာ ဆိုဖာပေါ်က jimin ပေါင်ပေါ်လှဲအိပ်ပြီးမှ jimin မျက်နှာကို သူနဲ့မျက်နှာချင်းဆိုင်ဖြစ်စေရန် ငုံ့စေပြီး

''min...
ငါလေ မင်းနဲ့စခင်ခဲ့တဲ့နေ့ကို အခုထက်ထိအမှတ်ရနေတုန်းပဲသိလား''

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now