Part (20)

726 54 25
                                    

Unicode

LA ကပြန်ရောက်ချိန်မှာ ည၁၀ နာရီကျော်လေပြီမို့ အိမ်ပြန်ရောက်သည်နှင့် နှစ်ယောက်လုံးတချိုးထဲ အိပ်လိုက်ကြသည်။

အိပ်နေရင်း ဘေးကွက်လပ်အား လက်ဖြင့်စမ်းမိသည့်အခါ ဘာမှရှိမနေသည်မို့ jungkook မျက်လုံးဖွင့်ကာ ထထိုင်လိုက်တော့သည်။ နာရီကိုကြည့်မိတော့လည်း မနက် ၂နာရီကျော်နေလေပြီ။

သန့်စင်ခန်းထဲမှာလည်း taehyungကိုမတွေ့သည်မို့ မီးဖိုခန်းနှင့် အလုပ်ခန်းကိုပါ ဝင်ရှာသော်လည်း မတွေ့ပေ။

''ဒီအချိန်ကြီး ဘယ်သွားပါလိမ့်''

ဖိနပ်စင်ကို ကြည့်မိသည့်အခါ taehyungie စီးနေကျ slippers အပါးလေးကို မတွေ့ရသည်မို့ အပြင်ထွက်ရှာဖို့ပြင်ရတော့သည်။

ကားပါကင်ရောက်တော့ နေရာမပြောင်းပဲ ရှိနေသည်မို့ သွားနေကျ 24hours storeကိုသွားသည်ဟုသာပြန်တွေးမိပြီး လိုက်သွားတော့သည်။

မနက်၂နာရီမို့ လမ်းပေါ်တွင် ကားတစ်စီးစနှစ်စီးစကလွဲ ဘာမှရှိမနေပဲရှင်းလင်းနေတော့သည်။

ကြယ်တွေကိုကြည့်ရင်း ခပ်ဖြေးဖြေးသာ လျှောက်လာသော တစ်ဖက်လမ်းက ပုံရိပ်လေးကိုမြင်လိုက်သည်နှင့် jungkook မှာ အပြေးလေးသွားဖို့ပြင်တော့သည်။

ကားလမ်းကူးတော့မည့် taehyungကို လှမ်းခေါ်ရန်ကြည့်မိသည့်အခါ အရှိန်ပြင်းစွာမောင်းလာသည့်ကားကိုတွေ့ရသည်။ ထိုကားက taehyungဆီဦးတည်နေတာမို့ jungkook အနားကိုအပြေးသွားလိုက်ကာ

''Taehyungie!!''

taehyungကိုအော်ခေါ်ကာ လက်ကိုလှမ်းဆွဲလိုက်သော်လည်း ထိုးကားဟာ သူတို့နှစ်ယောက်လုံးဆီဦးတည်လာတာမို့ ရှောင်ချိန်မရတော့သည့် အခြေအနေကြား taehyungအား တစ်ဖက်ခြမ်းဆီ တွန်းပို့လိုက်မိတော့သည်။

တွန်းပို့ပြီးနှင့်တစ်ပြိုင်နက် မိမိထံဝင်ရောက်လာသည့် ကားအရှိန်မှာ ပြင်းထန်လွန်းသည်မို့ လေပေါ်မြောက်သွားပြီးမှ ကားအမိုးပေါ်ပြုတ်ကျသည်။

ကားမောင်းသူဟာ အရှိန်ကုန်တင်ကာ အနောက်သို့ပြန်ဆုတ်သည့်အချိန် ကားအမိုးပေါ်မှာ jungkookဟာပြန်ပြုတ်ကျသွားရသည်။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now