Part (24:Final)

1.7K 62 29
                                    

Unicode

1နှစ်ခန့်ကြာပြီးနောက်....။

တစ်နှစ်အတွင်းမှာ ကျွန်တော်အဖိုးကတော့ သူ့အပြစ်ကိုသူခံယူရင်း ထောင်ထဲမှာပဲ အဆုံးသတ်သွားခဲ့သည်။

မကြာသေးမီအချိန်မှာ သိခဲ့ရသည်က kang jaeminလည်း ထောင်ထဲမှာပဲ သူ့ကိုသူအဆုံးစီရင်သွားသည်တဲ့။

ကြားထဲက အနစ်နာခံကာ ပေးဆပ်ခဲ့ရသည့် လူသုံးဦးအတွက်သာ ယူကျုံးမရဖြစ်မိသည်။

အချစ်ခံရတာကြိုက်တဲ့ ကျွန်တော့်က မတူညီတဲ့ ယောက်ျားလေးဦးထံက ချစ်ခြင်းတို့ကို လက်ခံရရှိခဲ့တယ်။

သူတို့တွေ ပုံစံမတူညီကြပါဘူး။ ဒါပေမယ့် ကျွန်တော့်အပေါ်ထားတဲ့ချစ်ခြင်းတွေတော့ တူညီခဲ့ကြတယ်။

အချစ်ကသာ ရွေးချယ်လို့ရခဲ့ရင် ကျွန်တော် ထိုလေးဦးကြား ရွေးရခက်နေမိခဲ့မှာပဲ...။

အချစ်ရဆုံးသူငယ်ချင်းနှစ်ယောက်, ခင်မင်မိတဲ့ ကောင်လေးတစ်ဦး,ရင်ထဲကမြတ်မြတ်နိုးနိုးချစ်မိခဲ့သော အချစ်ရဆုံး ယောက်ျားတစ်ဦး ။

ကျွန်တော် လူလေးဦးနှင့် ရင်းနှီးသိကျွမ်းခဲ့ပြီး ထိုလေးဦးဟာ ကျွန်တော့်အတွက် အသက်ပေးပြီးချစ်ခဲ့ကြသည်။

ကျွန်တော့်အတွက်တော့ ထိုလေးဦးစလုံးဟာ ဘဝမှာတန်ဖိုးအရှိဆုံး လူတွေပါပဲ။

Kang Doyoung...သူပြုံးလိုက်တိုင်း ပါးချိုင့်လေးတွေပေါ်လာတတ်ပြီး လှပတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေရှိတယ်။ ကြယ်လေးဆိုတဲ့ နာမ်စားကိုခေါ်ခဲ့တဲ့သူ့ကို ကြယ်တွေမြင်တိုင်း သတိရမိတယ်။ အချစ်တွေကိုမပေးနိုင်ခဲ့ပေမယ့် အခင်မင်ရဆုံးသူငယ်ချင်းကတော့ မင်းပါပဲ young...။

Choi Minhwa...သိပ်သဘောကောင်းတဲ့ကောင်လေး။ လေးထောင့်မျက်မှန်လေးနဲ့ နွေးထွေးစွာပြုံးပြလေ့ရှိတယ်။ ခဏတာသိကျွမ်းချိန်မှာတောင် ကျွန်တော့်အပေါ် အမြဲဦးစားပေး ကောင်းမွန်ပေးခဲ့တဲ့ မိတ်ဆွေလေး...။ မင်းကာကွယ်ပေးခဲ့တဲ့ ဒီအသက်နဲ့ခန္ဓာကိုယ်ကို ငါတန်ဖိုးထားစောင့်ရှောက်ပါ့မယ်။

Park Jimin...သူ့အတွက်ဆိုတာ မရှိတော့အောင်ထိ ဂရုစိုက်ပေးခဲ့တဲ့ အရူးလေး...။အမြဲအနားမှာ ရှိပေးခဲ့ပေမယ့် ကျွန်တော့်အပေါ် သူ့ရင်ထဲကစကားတွေကို ပြောပြလေ့မရှိပဲ ဂရုစိုက်ခြင်း နွေးထွေးပေးခြင်းတို့သာ ထုတ်ပြပေးခဲ့သူ။ လက်သန်းသေးသေးလေးကစလို့ ပြုံးလိုက်တိုင်းမှိတ်ကျသွားတဲ့ မျက်လုံးမှေးမှေးလေးတွေထိ မြတ်နိုးမိတယ်။ နောက်နောင်များမှာ ချစ်ရသူရဲ့ထပ်တူညီပေးနိုင်မယ့် ချစ်ခြင်းမျိုးသာ မင်း ရရှိနိုင်ဖို့ မျှော်လင့်တယ်။ မင်းသိပ်ချစ်တဲ့ငါက မင်းရဲ့နှလုံးခုန်သံကို နားထောင်ရင်း မင်းကိုအမြဲလွမ်းနေမှာပါ...။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now