part (3)

1.4K 107 29
                                    

Unicode

''min...ငါ့ဖုန်းနံပါတ်ဘယ်သူ့ကိုပေးထားလဲ''

min ကဒီလိုပေးမယ့်သူမဟုတ်ပေမယ့် သတိလက်လွတ်များပေးလိုက်မိလေမလားတွေးမိကာ ဖုန်းဆက်မေးရသည်။

သို့သော် minကဘာမှမသိတဲ့အပြင် ဘယ်သူနှောက်ယှက်တာလဲ ဘာလဲဆိုသည့် စိုးရိမ်မကင်းစကားတွေသာ အဆက်မပြတ်ပြောလာတာမို့

''နောက်မှပြန်ဆက်တော့မယ်''

jiminစကားဆုံးအောင်နားမထောင်တော့ပဲ ကိုယ့်ဘက်ကပဲအရင်ချလိုက်သည်။

ဒီကောင်ကငါ့ဖုန်းနံပါတ်ကိုဘယ်လိုရလဲ မနေ့ကမှသိတာကို အခုလိုထိပြောနိုင်နေတာ ရဲတင်းလွန်းတာမဟုတ်ဘူးလား ။

size တောင်ပေးအုံးမယ်တဲ့ သောက်အာရုံကောင် မနက်စောစော အနှောက်အယှက်ဝင်သွားတာ။

ပြောရင်းနှင့်ပင်တုန်ခါလာသည့်ဖုန်းကြောင့် ကြည့်မိတော့ အမည်မသိဖုန်းခေါ်ဆိုသူထံမှ

''ဟေ့ကောင် မင်းအားနေလို့ ခဏခဏဆက်နေတာလား''

''အော..အားနေတာလေ''

ကိုယ့်ဘက်ကဒေါသတကြီးနှင့်ခပ်မာမာပြောနေသော်လည်း တစ်ဖက်ကလူက ရယ်သံနှောကာ ပြောနေသည်က မိမိအဖြစ်က်ို လှောင်ပြောင်နေသယောင်

''မင်းအားနေလည်း ငါမအားဘူး ထပ်မဆက်နဲ့''

''အားရှ်''

ထပ်မဆက်နဲ့ဆိုကာ ဖုန်းချလိုက်သော်လည်း အဆက်မပြတ်ထပ်မံဝင်လာသည့်အဝင်ဖုန်းတွေကြောင့် စက်သာပိတ်ချလိုက်တော့သည်။

အိပ်ရာပေါ်ပြန်လှဲသော်လည်း ဒေါသစိတ်ကြောင့် အိပ်မရ

မထူးသည့်အဆုံး ဆက်အိပ်ဖို့မတွေးပဲ မျက်နှာသစ်ကိုယ်လက်သန့်ရှင်းကာ လန်းဆန်းသွားဖို့လုပ်ရတော့သည်။

အရှက်မရှိတဲ့ကောင် အိပ်ရေးမဝရင်စိတ်မကြည့်ရတဲ့ထဲ စောစောစီးစီးလုံးဝအနှောက်အယှက်

''ဟင် ''

''စက်ပိတ်လိုက်လို့ရောက်လာတာ''

အိမ်password သိနေပြီးသား jimin ကအခန်းထဲကိုဝင်ချလာပြီး taehyung ထိုင်နေသည့် အနားဝင်ထိုင်သည်။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now