Part (18)

773 53 21
                                    

Unicode

လူအမျိုးမျိုး စိတ်အဖုံဖုံဆိုသည့်စကားအတိုင်းပါပဲ ကျွန်တော်တို့နှစ်ယောက်၏ ဆက်ဆံရေးအပေါ် တချို့ကလက်ခံအားပေးပြီး တချို့ကတော့ ရွံစရာအကြည့်များနှင့် မနှစ်မြို့ကြောင်း ပြတတ်လေ့ရှိသည်။

solo album ထွက်လာပြီးနောက် jungkook ကလည်း အရင်ကထက် ပိုအောင်မြင်လာပြီး ကျွန်တော့်ရဲ့ brand ကလည်း ရောင်းအားများ တိုးတက်နေဆဲ...။

ကျွန်တော်တို့နှစ်ယောက်အတွက်တော့ ကောင်းတွေအရာတွေပဲပေါ့။

အခုဆို ကျွန်တော်တို့နှစ်ယောက် လက်တွဲဖြစ်ခဲ့သည်မှာ ၃လ ကျော်ခဲ့ပြီ ။

min ကလည်း အနားယူပြီး ပြန်လာပြီးနောက်ပိုင်း မပြောခဲ့သည်ကို တောင်းပန်စကားဆိုကာ သူ့အရင်ပုံစံအတိုင်း အလုပ်ကိုကြိုးစားလုပ်ရင်း လည်ပတ်နေသည်။

အရာအားလုံးကတော့ သာမန်ထက်ကို ကောင်းလွန်းနေသည်။

''ကျွန်တော်မရှိတဲ့အချိန် အလုပ်ထဲပဲခေါင်းစိုက်မနေနဲ့နော် အစားကိုအချိန်မှန်စား''

အဝတ်များထည့်ရင်း ပြောနေသည့် jungkook ။

သူမနက်ဖြန် world tour အတွက် L.A ကိုသွားရမှာမို့ ထိုကဲ့သို့ မှာတမ်းခြွေနေသည်မှာ မနက်မိုးလင်းထဲကပင်။

''သွားမှာက တစ်ပတ်ထဲကို မှာနေတာမပြီးတော့ဘူး ။ သိပ်သည်းနေတာပဲ JJK''

''ဟေး...စိတ်ပူလို့ကို ''

ထည့်လက်စကို ပစ်ထားခဲ့ပြီး အနားကိုလာထိုင်ပြီး ပြောပြန်တာ။

taehyung လည်း အနားက jungkook ပုခုံးပေါ့ လှဲမှီလိုက်ရင်း

''သိတယ်...လွမ်းနေမယ် ငါ့ရဲ့ jungkookie''

''Taehyungie ကသိပ်ချွဲနေတာပဲ လူကိုမသွားချင်အောင်''

jungkook မျက်နှာမှာ အပြုံးတို့ရှိနေခဲ့သလို taehyungကလည်း သဘောတကျပင် ပြုံးမိနေတာ။

ဒီလူနဲ့သာ နေရရင် အရာရာ ပြီးပြည့်စုံနေသလိုမျိုး...။

''မနက်ဖြန်ဘယ်အချိန်သွားမှာလဲ ''

''လေယာဥ်က ၁၁နာရီဆိုတော့ ၁၀ခွဲလောက် ဒါမှမဟုတ် ၁၀လောက်တော့ hobi hyung လာခေါ်မယ် ပြောတယ်''

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now