Part (11)

834 58 7
                                    

Unicode

taehyungဆေးရုံမဆင်းခင်တစ်ရက်မှာ ဆွစ်ဇာလန်သို့သွားတော့မည်သာပြောခဲ့ပြီး တကယ်တမ်းကျ jiminတစ်ယောက် သူ့အိမ်မှာသာ ရှိနေခဲ့သည်။

အတူသွားရန်စီစဥ်ထုတ်ပိုးထားသည့် ခရီးဆောင်အိတ်တွေအလည်မှာ တွေတွေကြီးသာထိုင်နေမိသည်မှာ နာရီပေါင်းများစွာရှိလေပြီ...။

ခင်မင်ခဲ့တဲ့တစ်လျှောက်လုံးမှာ taehyungအပေါ် ပထမဆုံးဖြစ်တည်မိတဲ့ခံစားချက်ဟာ ပန်းနုရောင်ချစ်ခြင်းတွေနဲ့သာအစပြုလေတယ်။

အခြေအနေလေးပြောင်းလဲမသွားစေဖို့ သူအဆင့်တက်ခဲ့ခြင်းတွေမရှိခဲ့သလို taehyungကလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်ဝင်တစားမရှိခဲ့ပါ။

အခုဆိုရင်တော့ဖြင့် ကျွန်တော်နဲ့taeကြား သူစိမ်းတစ်ယောက်ကဝင်လာခဲ့လေပြီ ။

အနားမှာရှိရရုံနဲ့ကျေနပ်လှပါပြီဆိုတဲ့ ဒီကောင်လည်း မင်းနံဘေးမှာ တစ်ဦးတစ်ယောက် ရှိလာပြီဆိုတဲ့အသိနဲ့ ရူးရပြီ။

ဒီလိုသာ သူ့အရှေ့ပြောမိရင် အားနာသလိုမျက်ဝန်းတွေနဲ့ ကြည့်နေအုံးမှာ အသေအချာပါပဲ။

သူ့ကြောင့်ထိခိုက်နစ်နာသွားရမှာ စိုးရိမ်လွန်းသည့် taeက ခံစားချက်ကိုမသိချင် ဟန်ဆောင်တတ်ပေမယ့် ထိုသို့သော တုန့်ပြန်မှုတွေနဲ့ နှစ်သိမ့်လေ့လည်း ရှိပြန်တယ်။

သူ့အပေါ်တစ်သတ်တာ ရူးသွပ်လိုက်ဖို့အတွက် သူသုံးတတ်တဲ့ လက်နက်လေးတွေဟာ ရိုးရှင်းပါတယ် ။ သို့သော် သူ့ထံမှ ရုန်းထွက်ဖို့တော့ ခက်လှတယ်။

ထိုကဲ့သို့ အနှစ်နှစ် အလလ စွဲလမ်းရူးသွပ်ခဲ့ရသူမှာ ဆိုင်သူရှိလာတော့မည်ဆိုတဲ့ အသိနဲ့အတွေးဟာ jimin အတွက်တော့ ပူလောင်လွန်းလှသည်။

သူတို့နှစ်ယောက်ကို အဲ့ဒီအခြေအနေနဲ့ တွဲမြင်ရရင်....ဒီအတွေးနဲ့အတူ ဆေးရုံးခန်းထဲ အနမ်းချင်းဖလှယ်နေခဲ့တဲ့သူတို့ပုံရိပ်ကို ပြန်မြင်ယောင်လာတော့ နှလုံးသည်းပွတ်ကို စူးချက်များစွာနစ်ဝင်လာသည့်နှယ် မသက်သာလှ...။

''ဒီအတိုင်းသာဆို မင်းရှေ့ပြန်မျက်နှာမူဖို့ ခက်နေအုံးမယ် ထင်ပါ့''

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now