part (5)

1.2K 101 8
                                    

unicode

ဆေးရုံခန်းထဲဖြူဖျော့စွာ လှဲလျောင်းနေသည့် taehyung ကို jungkook ငေးကြည့်နေမိသည်။

ဘယ်လိုလူကခင်ဗျားလိုလူကို အန္တရာယ်ပေးနေရတာလဲ။ ရန်စွာနေတာနဲ့ပဲလိုက်ဖက်တဲ့ခင်ဗျားက ဒီဆေးရုံဝတ်စုံနဲ့လုံးဝမလိုက်ဖက်ဘူးသိလား။

မြန်မြန်ထပြီး ကျွန်တော့်ကို ရန်စွာတော့

''Jk...သူ့မျက်နှာကိုတွေ့လိုက်လား''

တံခါးကိုဒုန်းစိုင်းဖွင့်ကာ ဝရုန်းသုန်းကားဝင်လာသည့် jiminက ထိုသို့မေးလာသည်နှင့် taehyung လဲဆူသံတို့ကြောင့် နိုးလာခဲ့သည်။

''mask တပ်ထားတယ်''

jungkook ရဲ့အပြောကြောင့် jimin စုတ်သတ်လိုက်ပြီး တစ်နေရာကိုဖုန်းခေါ်သည်။

''ပွဲတက်သမျှဧည့်သည့်စာရင်းကိုငါသိချင်တယ်''

''ညတွင်းချင်း သိချင်တယ် ကြိုးစားပေး''

နဂိုတည်တင်းနေသည့်မျက်နှာမှာ ယခုဒေါသထွက်နေသည့်အရှိန်ကြောင့် ပိုမိုခက်ထန်နေသည်။

taehyung ကတော့ jiminကိုမှေးမှိန်စွာပဲကြည့်နေမိသည်။

''ပြန်လို့ရပါပြီ Jk ဒီအတွက်ကျေးဇူးပါပဲ''

''သူပြန်ခိုင်းမှပြန်မယ်''

ပြန်ခိုင်းသော်လည်း နေရာကမထကာ ပေကပ်ကပ်လုပ်နေသည့် jungkookက ​ပြောနေသည့် jimin ထံလှည့်မကြည့် taehyung ဆီမှာသာ အာရုံပို့ထားသည်။

''ကျွတ် ကျွတ်''

''min''

လှဲနေရာမှ ထကာ ခေါ်နေတော့ jimin taehyung လက်က်ိုဆုပ်ကိုင်ကာ ကုတင်ပေါ် ဘေးတစ်စောင်းဝင်ထိုင်လိုက်သည်။

''tae...နာနေလားဟင်''

''ဘာဖြစ်တာလဲ''

''အက်စစ်နဲ့အပက်ခံရတာ''

ထိုစကားကြားတော့ ​မှေးမှိန်သွားသည့် taehyung မျက်နှာက ​ကြောက်ရွံ့စိတ်ထက် စိတ်ပျက်ခြင်းတို့သာ ဖြစ်တည်နေခဲ့သည်။

''ပိုဂရုစိုက်သင့်ပြီ tae...ဖုန်းခေါ်တာ အဲ့ဒီခြိမ်း​ခြောက်ဖုန်းတွေလား''

''မဟုတ်ဘူး''

taehyung ပြတင်းပေါက်ဘက်ကိုကြည့်ကာ ထိုသိူ့​ပြောတော့

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now