part (6)

1.1K 83 8
                                    

Unicode

ခြံဝန်းကျယ်ကို သစ်ပင်ပန်းမန်များစွာကခြံရံထားပြီး စင်ဝင်အိမ်ထဲ ရပ်ထားသည်က အမျိုးအစားတူကားနှစ်စီးဖြစ်ကာ အဖြူရောင်နဲ့အနက်ရောင်ဖြစ်သည်။

အပြင်ဘက်အပြင်အဆင်ဟာ အဖြူသီးသန့်ဆေးသုတ်ထားသော်ငြား အိမ်အတွင်းပိုင်းမှာတော့ ကျွန်းသားပရိဘောဂတို့နှင့် အလှဆင်ကာနေရာချထားခြင်းကြောင့် အိမ်ကြီးဟာ ခမ်းနားဝင့်ကြွားလွန်းလှသည်။

ကျွန်းသားတစ်ဝက် ဆိုဖာတစ်ဝက်စပ်ကာ ပြုလုပ်ထားသည့် ဆိုဖာခုံမှာ အနောက်ကိုမှီကာ ဆေးလိပ်ဖွာနေသည့် အသက်ကြီးကြီးလူကြီးတစ်ယောက်ရှိနေသည်။

ဧည့်ခန်းမှာ ပုံကြီးချဲ့ထားသည်က ထိုလူကြီးနဲ့ကောင်လေးတစ်ဦးပုံဖြစ်ပြီး နှစ်ဦးသားလုံးရဲ့မျက်နှာမှာတော့ အပြုံးဟူ၍ရှာမတွေ့ခဲ့။
ထိုလူကြီးဘေးကကောင်လေးက Kim Taehyung။

ထိုလူကြီးအနားသို့လူတစ်ယောက်လာကာ တစ်စုံတစ်ခုကို ကပ်ပြောနေသည်။ ထိုစကားကိုနားထောင်ပြီးနောက် ဆေးလိပ်ပြာခွက်ထဲ အပြီးသတ်ကုန်ခါနီး ဆေးလိပ်တိုလေးကို ချလိုက်သည်။

ပြီးနောက် သက်ပြင်းသဲ့သဲ့ချကာ

''taehyung ကိုငါ့ဆီလာဖို့ ပြောခဲ့''

ခပ်သြသြအသံဖြင့်ပြောသော်လည်း ဇရာကြောင့် မာထန်နေသည့်အသွင်တော့ဆောင်မနေခဲ့။

''ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ''

ဝတ်စုံပြည့်ဖြင့်လူဟာ အရိုအသေပေးပြီးသည်နှင့် ပြန်လှည့်ထွက်သွားသည်။

ထိုလူကြီးကတော့ ထိုနေရာမှာပဲ ငြိမ်သက်နေခဲ့သည်။သူက taehyungရဲ့အဖိုးဖြစ်သူ Kim ShinHo ဖြစ်သည်။

.
.
.

တွေ့တာမှမကြာသေးပါပဲ အကြင်နာအပြန်အလှန်ပေးပြီးနေတဲ့ ဒီအခြေအနေက ထယ်ယောင်းအတွက်တော့ ထူပူနေသည့်အခြေအနေမှာရှိနေသည်။

''အိမ်လိုက်ပို့ပေးမယ်''

ဧည့်ခန်းကမိမိအရှေ့မှာပင် အပေါ်ကုတ်ကိုဝတ်နေသည့် JJK...သူကတော့ အရမ်းကိုအေးဆေးဖြစ်နေလွန်းသည်။

အခုလည်းပဲ ဘာကိုမှရှက်နေခြင်းမရှိတဲ့ (မျက်နှာပြောင်တိုက်တဲ့မျက်နှာပေး) အရင်လို မျက်နှာနှင့်သာ ပြန်ဖို့အကြောင်းပြောနေပြန်ပါသည်။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now