Part (17)

791 56 20
                                    

Unicode

(part 16မှာ ပုံလေးမေ့ခဲ့လို့T.T....
အခုထည့်ပေးထားတယ်နော် jungkookတင်လိုက်တဲ့ပုံလေးကြည့်ချင်တဲ့သူ 16ကို ဝင်ကြည့်ပါရှင့်>< ။တချို့ကတော့ မြင်ပြီးလောက်မှာပါ အစောဆုံးဝင်ဖတ်ထားတဲ့ ၁၁ယောက်လားမသိ အဲ့လူတွေအတွက် ရေးထားပေးတာပါနော်...။)

မနက်မိုးလင်းထဲက ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့သည့် အဆိုတော် တစ်ဖြစ်လည်း Model JKနှင့် ဒီဇိုင်နာလဲဖြစ် vante brand ပိုင်ရှင်လဲဖြစ်သည့် V တို့နှစ်ယောက်၏ dating သတင်းမှာ နောက်ရက်တွေထိ social media တခွင် လူစိတ်ဝင်စားမှု အမြင့်ဆုံးထိရရှိနေသည်။

''ဟမ့်...ယောက်ျားလေးတစ်ယောက်ကို မျိုးတူတွေစိတ်မဝင်စားပါဘူးဆိုပြီး ငြင်းခဲ့တဲ့ ကောင်က အခုတော့ ယောက်ျားနဲ့ပဲတွဲနေတယ်တဲ့ ။ ရယ်စရာပဲ။''

ဖုန်း screen ပေါ်က taehyungတို့အတွဲပုံဝိုးတဝါးတွေကို ကြည့်ရင်း မဲ့ပြုံးများဖြင့်ပြောနေသည့်လူတစ်ယောက် ။ထိုလူက အရင်တစ်ခါ အက်စစ်နဲ့ပက်ဖို့ စေခိုင်းခဲ့တဲ့သူ။

''minhwa ''

''ဟုတ်ကဲ့ Boss''

ထိုလူခေါ်လိုက်သည်နှင့် အခန်းပြင်မှာ အသင့်ရှိနေသည့် ပိန်ရှည်ရှည် အနောက်တိုင်းဝတ်စုံနှင့် လူတစ်ယောက်က ဝင်လာသည်။

minhwaဆိုသည့်လူ ရောက်လာသည့်နှင့် လက်ထဲက ဓာတ်ပုံအချို့ကို စားပွဲပေါ်ပစ်ပေးရင်း

''အဲ့ဒီကောင်လေးနှစ်ယောက်အနောက်ကို လိုက်ပြီး ဘာပဲလုပ်လုပ် report တင်ပေး။ သိက္ခာကျစရာတွေ့ရင် ဓာတ်ပုံရိုက်ခဲ့။''

''ဟုတ်ကဲ့''

''ပြီးတော့ ဒီကောင်လေး...''

အသက်မဲ့နေသည့် မျက်ဝန်းတစ်စုံနဲ့ထိုလူပြောသမျှ ဟုတ်ကဲ့ပြောသည့် minhwaက taehyungပုံကိုမြင်သည်နှင့် မျက်ဆံများလှုပ်ရှားမိသွားသည်။

''သူ့ကိုရင်းနှီးအောင်လုပ်ပေးလို့ရမလား''

''ခင်ဗျာ?...''

ဟုတ်ကဲ့ပဲပြောကျမို့ အခုလို ကြောင်အသည့်ပုံစံဖြင့် တုန့်ပြန်မိသည့်အခါ အသက်ကြီးကြီးလူက မျက်မှောင်ကျုံ့ကြည့်လာသည်။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now