Extra:Home Sweet Home

935 59 13
                                    

Unicode

4နှစ်ခန့်ကုန်ဆုံးပြီးနောက်....

''ပါးပါး....!!''

ခပ်စူးစူးအော်ခေါ်သံလေးကြောင့် taehyung မှာ ဆွဲလက်စ ဒီဇိုင်းကိုစာရွက်ကို သေချာပြန်အုပ်ထားလိုက်ပြီး မီးခလုတ်နှင့် တခြားစက်ကိရိယာခလုတ်တွေ အကုန်ပိတ်ကာ အခန်းပြင်ကိုထွက်ရသည်။

မြင်တွေ့ရသည်ကတော့ ကိတ်မုန့်ကိုမျက်နှာတစ်ပြင်လုံးပေပွအောင်စားထားသည့် သားငယ်လေးနှင့် သမီးငယ်လေးကိုသိပ်ရင်း အိပ်ပျော်နေသည့် jungkookကိုတွေ့ရသည်။

''ဘာဖြစ်လို့လဲ jiyoung လေးရဲ့''

''ဖေဖေကို ခေါ်မရလို့''

၃နှစ်အရွယ်ကလေးလေးတစ်ယောက်အတွက် အိပ်စက်ခြင်းဆိုသည့်အကြောင်း မသိလေတော့ သူ့အဖေဖြစ်သူ အိပ်ပျော်နေခြင်းကို မသိပဲ....သူ့အား တုန့်ပြန်ချက်မပေးဟု ထင်မြင်မိပုံရပါသည်။

မျက်ခမ်းစက်လေးတွေ အရည်လည်လို့ နှာထိပ်လေးတွေလည်း ခပ်ရဲရဲ။ဒါက သားငယ်လေး ဝမ်းနည်းနေသည့်သဘော။

taehyungလည်း ကလေးလေးဘေး ထိုင်ကာ သူ့ပေါင်ပေါ်ပွေ့ချီရင်း ခေါင်းလုံးလုံးလေးအား မွှေးကြူကာ

''ဖေဖေက အိပ်ပျော်သွားတာရယ်။ jiyoung လေးပျင်းရင် ပါးပါးကအဖော်လုပ်ပေးမယ်လေ''

ထိုတော့မှာ ပြုံးယောင်သန်းလာသည့် မျက်ဝန်းလေးတွေကို မြင်တွေ့ရသည်။

ပြင်သစ်မှာပဲ အခြေအချနေဖြစ်ပြီး အငှားကိုယ်ဝန်ဆောင်နှင့် ကလေးယူခြင်းကို အကောင်အထည်ဖော်ခဲ့သည်။

ကလေးလေးနှစ်ယောက်ဟာ ကျွန်တော်တို့ဆီတစ်ပြိုင်တည်း(အမြွှာမွေးလာတာကိုပြောချင်တာပါ) ရောက်လာလေတော့ jungkook လိုချင်သည့် သားလေးတစ်ယောက်၊သမီးလေးတစ်ယောက်ကို တစ်ပြိုင်တည်း စောင့်ရှောက်ခွင့်ရခဲ့လေသည်။

သားငယ်လေးနှင့် သမီးငယ်လေးဟာ အမြွှာဆိုသော်ငြား ရုပ်ချင်းကတော့ကွဲပြားလှသည်။

သားငယ်လေးဟာ jungkookနှင့်တူသည့်မျက်ဝန်းများကို ပိုင်ဆိုင်ပြီး ချစ်စရာလက်ချောင်းကလေးတွေ ရှိလေသည့်။
ရယ်လိုက်တိုင်း ပါးချိုင့်ရေးရေးပေါ်သည့် ကလေးငယ်မှာ နွေးထွေးသည့်အပြုံးပိုင်ရှင်လေးလည်း ဖြစ်ပြန်သေးသည်။

You've reached the end of published parts.

⏰ Last updated: Feb 24, 2023 ⏰

Add this story to your Library to get notified about new parts!

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now