Part (12)

831 62 2
                                    

Unicode

လသာဆောင်ကနေ အိပ်ခန်းအတွင်းသို့ ခေါ်လာခဲ့သည့်တိုင် အေးစက်နေဆဲဖြစ်သည့် jimin ခန္ဓာကိုယ်အား အနွေးဓာတ်ရစေရန် taehyung အဝတ်ထူထူတွေ ဝတ်ဆင်ပေးရသည်။

ခပ်နွေးနွေး ဖြစ်လာပြီဆိုတော့မှ jimin အနားဝင်ထိုင်ကာ

''ဘယ်လိုဖြစ်တာလဲ min''

''လိမ်ခဲ့မိလို့ တောင်းပန်ပါတယ် Tae''

min မျက်ရည်တွေစီးကျလာပြန်သည်။ အခုလိုထိ ဖြစ်စေခဲ့မယ်လို့ ကျွန်တော် တစ်ခါမျှ မတွေးကြည့်ဖူးခဲ့ပါ။

''ငါကသာ တောင်းပန်ရမှာပါ ။ ဒီထက်စောစော ဆက်သွယ်ခဲ့သင့်တာ။''

''အခုလည်း မင်းငါ့ကိုစပြီး ဆက်သွယ်ခဲ့ပြီလေ။''

ခင်မင်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပထမဆုံး taehyung ဘက်ကဆက်သွယ်ခြင်း ဖြစ်သည်။

''နွေးနွေးထွေးထွေးနေရမယ် min။ ခုနနွေးလာသလိုနဲ့ အခုပြန်အေးလာသလိုပဲ''

taehyungက jiminပါးကိုစမ်းကာ ပြောရင်းမှ အဝတ်ဗီရိုကိုဖွင့်ကာ နွေးနွေးထွေးထွေးဖြစ်မည်တို့ကို ရှာဖွေသည်။

''min ငါလက်ဆောင်ပေးထားတဲ့ ကုတ်ကဘာကြောင့် ဘူးထဲမှာပဲရှိနေရသေးတာလဲ''

ဘူးအညိုလေးကို jiminဘေးပစ်ချလိုက်သလို အလိုမကျမှုကြောင့် taehyungမျက်မှောင်တွေလဲကျုံ့လျက်သားပင်

''ငါဝတ်လိုက်လို့ တစ်ခုခုစွန်းသွားရင် ဘယ်လိုလုပ်မလဲ''

ထိုသို့ပြောပြန်တော့လည်း taehyungမှာ ရန်တွေ့ရမည်အစား စိတ်မကောင်းဖြစ်ရပြန်သည်။

ဝတ်စေချင်လို့ပေးတာကို ဘယ်သူကသိမ်းထားခိုင်းလို့လဲ ။ min က သိပ်တန်ဖိုးထားလွန်းနေတာ။

''အရူးကောင်...ပေတော့ဘာဖြစ်လဲ စွန်းတော့ဘာဖြစ်လဲ ဟမ်''

''တန်ဖိုးထားရသူက ပေးတဲ့လက်ဆောင်ကို တစ်ခုခုစွန်းပေသွားမှာမျိုး ငါတော့မမြင်ချင်ပါဘူး ။ဒါကြောင့်မဝတ်တာ။''

minဆိုတာ ထိုကဲ့သို့သော လူသား။ ကျွန်တော့်ဆီက လက်ဆောင်မှန်သမျှ သူ့ရဲ့သီးသန့်ဗ်ီရိုထဲမှာ အခုထက်ထိ ပေးခဲ့တုန်းကအတိုင်း ပုံမပျက်ရှိနေသေးတာ...။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now