Part (22)

684 51 19
                                    

Unicode

အတည်ပေါက်ကြီး ပြောလာသည့် minhwaကို jimin သေချာစိုက်ကြည့်ပြီးမှ

''ဒါ ကလေးကစားစရာ မဟုတ်ဘူးနော်''

''ကျွန်တော်သိရက်သားနဲ့မပြောခဲ့တဲ့ကိစ္စကြောင့် ထိခိုက်ကြကုန်တာပဲ။ဒီလောက်တော့ ပြန်ပေးဆပ်သင့်တယ်မလား။''

ခပ်ပြုံးပြုံးနဲ့ ပေါ့ပေါ့ပါးပါးပဲပြောလာသည်မို့ လက်ခံဖို့သာ ဆုံးဖြတ်လိုက်သည်။ တချိန်တည်း​မှာပဲ ဆရာဝန်လည်း ဝင်လာခဲ့တာမို့

''စစ်ဆေးစရာရှိတာ စစ်ဆေးရအုံးမှာပေါ့။ ဘာနေနေ ယူစရာလူများနေတော့ ရွေးချယ်ဖို့ပိုရတာပေါ့။ ဒေါက်တာ သူ့ကိုလည်း စစ်ဆေးကြည့်လိုက်ပါ ။''

''ဟုတ်ကဲ့ ကျွန်တော်နဲ့လိုက်ခဲ့ပေးနော်''

''hyungတို့ခွင့်ပြုပါအုံး''

minhwa ထွက်သွားသည်နှင့် အခန်းအတွင်းက ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

taehyung က jungkook လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ ထမင်းစားနေရင်းမှ hoseokကိုကြည့်ကာ

''jungkookieကိုနှိုးပေးပါ bibi hyung...။ Taehyungieကကျ ထမင်းစားနေရပြီး သူလည်းစားရမှာပေါ့။နှိုးပေး။''

မျက်ရည်အဝိုင်းသားဖြင့် ပြောလာသည့် taehyungကို hoseokကပဲ ပုခုံးလေးပုတ်ပေးရင်း

''jungkookieက စားပြီးပြီ''

''တကယ်?''

''အင်းပေါ့...hyungခုနကပဲ ကျွေးပြီးတာ။Taehyungieကအိပ်နေတော့ ဘယ်သိပါ့မလဲ။''

ထိုတော့မှ ကျလုဆဲဆဲမျက်ရည်တွေကို လက်ဖမိုးနဲ့ဆွဲသုတ်လိုက်ပြီး jungkook လက်ကို သူ့လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ hoseokနဲ့jiminကို တစ်လှည့်ဆီကြည့်ရင်း

''jungkookieက အပျင်းထူနေတာသိလား minie..။အတူတူ ဆော့ကိုမဆော့ရဘူး ။အမြဲအိပ်နေတာပဲ။''

စိတ်လွတ်နေသူတစ်ယောက်လို ရယ်လိုက်ငိုလိုက်ဖြစ်နေသည့် taehyungကိုကြည့်ရင်း ကျလာသည့်မျက်ရည်တွေကို jimin ကပြာကယာပြန်သုတ်လိုက်ကာ

''အခုနေလို့အဆင်ပြေရဲ့လား tae''

ထိုသို့မေးလိုက်မှ ညှိုးငယ်သွားသည့် မျက်နှာနှင့်အတူ မျက်ရည်များစီးကျလာခဲ့ပြီး jungkookဘက်ကို မျက်နှာပြန်လှည့်ကာ

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now