Part (23)

712 50 21
                                    

Unicode

ညတွင်းချင်ပင် နှလုံးရပ်သွားသည်မို့ jungkookဘေးနား ဆရာဝန်များနှင့် သူနာပြုများ ဝိုင်းနေရတော့သည်။

CPR (cardiopulmonary resuscitation- နှလုံးသွေးကြောဆိုင်ရာ ကယ်ဆယ်ရေး) အဆင့်ဆင့်ပြုလုပ်ပြီးနောက် ပုံမှန်အခြေအနေကို ရောက်ရှိလာခဲ့ပေမယ့် တစ်နာရီအတွင်းမှာပင် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းတို့မှာ ကျဆင်းလာတာမို့ ခွဲစိတ်ခန်းချက်ချင်းဝင်ရမည်။

ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားသည်များကို ကြည့်ရင်း taehyung ငြိမ်သက်နေမိသည်။

jiminကတော့ တာဝန်ခံဆရာအနောက်ကို ပြေးလိုက်သွားပြီး အခြေအနေအရပ်ရပ်ကို မေးမြန်းနေသည်။

ဒီခွဲစိတ်မှုအပြီးထိပဲ စဥ်းစားချိန်ရှိနေပြီး အစားမထိုးနိုင်ခဲ့ရင် jungkookကို လက်လျော့ရတော့မည်ကိုသာ သိလိုက်ရသည်မို့ taehyung ဘေးနားဝင်ထိုင်ကာ

''taehyung...''

''အော...''

''ဆုံးဖြတ်...မင်းဆုံးဖြတ်ချက်အတိုင်းငါလုပ်မယ်။ မင်းဘာကိုရွေးချင်လဲ။''

taehyung အတော်အတန်ကြာသည်အထိ ငြိမ်နေသည်။ jungkook မရှိတဲ့ ကုတင်နှင့် စက်ကိိရိယာများစွာကိုကြည်ရင်း ပင့်သက်ရှိုက်မိသည်။

ကျွန်တော်တို့ နှစ်ယောက်ရှင်သန်ဖို့ jiminကိုစတေးမှရမည် ဆိုရင်တော့ ကျွန်တော် သေဆုံးလိုက်ဖို့သာရွေးမှာပင်။

min...ကျွန်တော့်အတွက် လုပ်ပေးသင့်တာထက်ပိုနေခဲ့ပြီးပြီမို့ ဒီထက်ပို အတ္တမကြီးချင်တော့ဘူး။

'' ငါ့ကိုချစ်တဲ့မင်းနှလုံးသားကို သူလက်ခံနိုင်မယ်မထင်ဘူး။ သူကသိပ်သဝန်တိုတတ်တာလေ...။ ဒါက သူ့ရဲ့အဆုံးသတ်ဆို ငါသူ့အနောက်ကို လိုက်သွားဖို့အပြင် မရှိတော့ဘူး။ သူမရှိပဲငါနေနိုင်မှာ မဟုတ်ဘူး။''

''tae...ဒါက မိုက်ရူးရဲဆန်တာပဲ။ မင်း jungkookကိုချစ်တယ်ဆို သူ့အတွက်ပဲကြည့်သင့်တာလေ။အခုဘာတွေစိုးရိမ်ပြီး အားလုံးထိခိုက်ဖို့ကိုပဲ ​ရွေးချင်နေရတာလဲ။''

ကျွန်တော့်ကို jimin ဒေါသထွက်နေတယ်။ ကျွန်တော်ကတော့ အားလုံးကိုလက်လျော့လိုက်ချင်သည်။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now