Part (5) Uni/Zawgyi

27.8K 789 22
                                    

ပြန်လိုချင်တယ်

အပိုင်း (5)

"Sorry Sorry အများကြီးစောင့်လိုက်ရတာလား"

BBQ မှာ ခင်သက်တစ်ယောက်တည်း ရေတစ်ခွက်နဲ့ထိုင်စောင့်နေခဲ့တာမိနစ်၂၀နီးပါးရှိပြီဖြစ်သည်။ သူမရှေ့သို့ရေးကြီးသုတ်ဖြာနဲ့ကင်မရာအိတ်ကြီးလွယ်ပြီးရောက်ချလာသော ဆံပင်ကေတိုကလေးနှင့် တီရှပ်ကိုဂျင်းအပွနဲ့တွဲဝတ်လာသည့်သူငယ်ချင်းဖြစ်သူ ယမင်းလွင်ကို ခင်သက်ဖုန်းဖွင့်ပြီးထောင်ပြလိုက်သည်။

"မိနစ်၂၀ရှိပြီ အစ်မတော်ရဲ့ ငါ့ကိုဆိုင်မှာပဲအိပ်ခိုင်းတော့မယ်ထင်နေတာ"

ယမင်းလွင်က သူမရဲ့ကင်မရာကြီးကိုဘေးကကုလားထိုင်ပေါ်သို့တင်လိုက်ပြီး နှဖူးပေါ်ဝဲကျနေတဲ့ဆံပင်တိုကလေးအားလက်ချောင်းများဖြင့်ထိုးသပ်လိုက်ပြီး

"ဟူး.....အခုမှပဲအေးသွားတော့တယ် အပြင်မှာပူလောင်နေတာပဲ မိနစ် ၂၀လေးပဲစောင့်ရတာပါဘောစိမရဲ့ ကျွန်မကရှင်တို့လိုAir conခန်းထဲအဝတ်ထိုင်ချုပ်နေရတာမဟုတ်ဘူးနေပူထဲမှာသတင်းတွေအလုအယက်လိုက်ယူနေရတာရှင့်မအားဘူး"

ယမင်းလွင်သည် ခင်သက်ရှေ့ကရေတစ်ဖန်ခွက်ကိုယူ၍မော့သောက်ပစ်လိုက်ရင်းပြောသည်။

"ဘာမှာထားလဲ အရင်စားမလား စကားပြောကြမလား"

"စားရင်းပြောကြမယ်လေ ပင်လယ်စာအစုံနဲ့တုန့်ယမ်းဟင်းရည် မှာထားတယ် နင်လာမှလာချပေးလို့ပြောထားတယ်"

ယမင်းလွင်က ခင်သက်ကိုလက်မထောင်ပြလိုက်သည်။ စက္ကန့်ပိုင်းလောက်အတွင်းမှာ သူမတို့ဆီသို့ဆိုင်ဝန်ထမ်းကမှာထားသောအစားအသောက်များလာချပေးလေသည်။

ခင်သက်နဲ့ယမင်းတို့စတီးတူတစ်ချောင်းစီကောက်ကိုင်လိုက်ကြရင်း အငွေ့တထောင်းထောင်းနဲ့မွှေးကြိုင်နေသောပင်လယ်စာအကင်စုံကိုနှုတ်ခမ်းအားလျှာဖြင့်သပ်ပြီးစားဖို့ပြင်ဆင်ကြသည်။

"ငါတို့ဒီလိုလာမစားရတာတောင်၂ပတ်လောက်ရှိပြီနော် ငါဒီကအကင်တွေကိုလွမ်းနေတာ"

ယမင်းလွင်က ကင်းပွန်တစ်ကောင်ကိုပါးစပ်ထဲထည့်လိုက်ရင်းပြောလာသည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now