Part (8) Uni/Zawgyi

25K 760 29
                                    

ပြန်လိုချင်တယ်

အပိုင်း (8)

ခင်သက် ညဘက်အိပ်မပျော်ဘဲ နေပိုင်ထွဋ်ကိုကျောပေးထားလျှက် ဦးသောင်းထွဋ်နဲ့နေပိုင်ထွဋ်တို့ရဲ့အကြံအစည်ကိုတွေးတော့ကာ မကျေမနပ်ဖြစ်နေရသည်။

ခင်သက်ထင်တာမမှားဘူးဆိုရင် ဒီယောက်ျားဟာခင်သက်ကိုကလေးယူဖို့အပူကပ်လာတော့မည်ဖြစ်သည်။

"ဟင်း... "

ခင်သက် သက်ပြင်းတစ်ချက်ရှိုက်ပြီး ညာဘက်သို့စောင်းလှည့်လိုက်တဲ့အခါနှစ်ခြိုက်စွာအိပ်ပျော်နေသော နေပိုင်ထွဋ်ကိုတွေ့ရသည်။ အစကခင်သက်ဟိုဘက်အခန်းမှာသွားအိပ်ဖို့ စီစဥ်ထားပေမဲ့ ညနေက ရွှေအဆင်းနဲ့သူနဲ့ ဘာတွေပြောထားသလဲသူ့ဖုန်းကိုယူစစ်ဖို့အခွင့်အရေးနဲ့မလဲချင်သောကြောင့် သူ့မျက်နှာမမြင်ချင်ပေမဲ့တစ်အိပ်ယာထဲဝင်အိပ်လိုက်ရသည်။

ခင်သက်သည် စောင်ကိုအသာမဖယ်ပြီး သူ့ဘက်ကခေါင်းရင်းမှာရှိသော သူ၏ပိုက်ဆံအိတ်တွေကားသော့တွေတင်ထားတဲ့မှန်စားပွဲရှည်ရှည်လေးအပေါ်မှ ဖုန်းကိုလှမ်းယူဖို့ကြိုးစားသည်။ ခင်သက် သူ့အပေါ်ကနေ ကျော်ပြီး စားပွဲပေါ်သို့လက်လှမ်းပေမဲ့ မမှီသောကြောင့် ပိုလို့ကုန်းလိုက်တဲ့အခု သူမညဝတ်အင်္ကျီရဲ့ရင်ဘက်ကကြိုးကလေးဟာ နေပိုင်ထွဋ်မျက်နှာပေါ်သို့ကပိုကရိုကျသွားသည်။

ခင်သက် သူ့ကိုတစ်ချက်ငုံ့ကြည့်တော့ လုံးဝလှုပ်မလာတာနဲ့ သက်ပြင်းလေးခိုးချမိတာရင်ဘက်ကတန်းလန်းကျနေသောကြိုးကလေးကို ပါးစပ်ဖြင့်ကိုက်ပြီးသူ့မျက်နှာပေါ်ထပ်မကျအောင်ထိန်းထားလိုက်သည်။ သူ့ခန္ဓာကိုယ်နဲ့မထိအောင် မွေ့ယာပေါ်မှာလက်ဖြင့်ခပ်မြင့်မြင့်ထောက်ထားလျှက် သူ့ဖုန်းကိုမမှီမကမ်းကနေလှမ်းယူနိုင်ခဲ့ပြီးသော် Screenကိုတစ်ချက်နှိပ်တာနဲ့ဖုန်းကပွင့်လာ၏။

ခင်သက်လည်းဖုန်းသူမလက်ထဲရောက်လာလို့ ကျေနပ်သွားပြီး နေပိုင်ထွဋ်ဟာညနေကတည်းကသူ့ဖုန်းကိုတစ်စက်မှဖွင့်ကြည့်ရသေးပုံမပေါ်။ Lock Screen ပေါ်မှာတင် ရွှေအဆင်းရဲ့ "မနက်ဖြန် အားလား" ဟူသည့် Instagram က Message က ရှိနေသေးသည်။ ခင်သက်လည်း အဲ့ဒီ Messageကိုတစ်ချက်နှိပ်ပြီးဝင်ကြည့်လိုက်ချိန်

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now