နှလုံးသားနဲ့ပဲ ရွေးရွေး
ဦးနှောက်နဲ့ပဲ ရွေးရွေး
အချိန်တန်ရင် အညိုရောင်တွေဆီပဲ
ကပ်ဆိုက်မယ့်အရာဟာ
ဘ၀တစ်ခုလုံးပါတဲ့.....🤎#####
“ နောက်နှစ်ကုန်ရင် သားဂျောင်နဲ့ သမီး၀မ်တို့
လက်ထပ်တော့မယ်ဆို”“ဟုတ်တယ် အန်တီကင်မ်ရဲ့။
၀မ်နဲ့ကျွန်တော်နဲ့တွဲနေတာ နောက်လဆိုရင် ၆နှစ်ပြည့်ပြီလေ။ ကျွန်တော်လည်း အားလုံးကိုအတည်တကျဖြစ်အောင် စောင့်နေတာ လုံလောက်ပြီထင်လို့”ဂျောင်ဂုရဲ့စကားကို အန်တီကင်မ်က
ပြုံးပြုံးလေးနဲ့ခေါင်းငြိမ့်ပြသည်။
ဂျောင်ဂုဆိုတာ သူ့သူငယ်ချင်းရဲ့ တစ်ဦးတည်းသော သားတစ်ယောက်။
ဆရာ၀န်ဖြစ်ပြီး ငယ်ငယ်ထဲက မျက်စိရှေ့၌ကြီးပြင်းလာသော ကလေးလေးဆိုရင်လည်း မမှား။ သူ့မှာလည်းသားရှိပေမယ့် ဂျောင်ဂုကိုလည်း သားတစ်ယောက်လို ချစ်ခင်တွယ်တာလှသည်။ ခေါ်တာတောင်နာမည်အပြည့်အစုံမဟုတ်ပဲ၊ သားဂျောင်လို့ပဲ ခေါ်တတ်သည်။“သားဂျောင်တို့တောင် အန်တီ့ရှေ့မှာတင် လက်ထပ်ကြတော့မှာပဲ။ အချိန်တွေကုန်တာ မြန်လိုက်တာကွယ် ....”
အန်တီကင်မ်က အဲ့သည်လို။
မေမေ့သူငယ်ချင်းဆိုပေမယ့် မေမေနဲ့မတူ။ အတိတ်ကိုတသ,သနဲ့လွမ်းဆွေးတတ်ပြီး လူစုံရင်အတိတ်ကအကြောင်းတွေကိုပဲ ခဏခဏအလည်သွားတတ်သည်။မေမေကတော့အဲ့လိုမဟုတ်။ ပစ္စုပ္ပာန်မှာ တိုးတက်ဖို့နဲ့အနာဂတ်မှာအေးချမ်းဖို့ပဲ ခေါင်းထဲတွေးနေတတ်သည်။မေမေနဲ့အန်တီကင်မ်က အတွေးမတူသော်လည်း သူငယ်ချင်းတွေဖြစ်ခဲ့တာ မူလတန်းထဲကပင်။ မေမေက
အန်တီကင်မ့်ကို သိပ်ချစ်သလို ၊အန်တီကလည်းမေမေ့အား ချစ်ခင်ရှာသည်။ စကားဝိုင်းမှာ ခဏတာတိတ်ဆိတ်သွားလေသည်။“အန်တီ့သားဂျောင်က အရွယ်ရောက်နေပါပြီနော်”
ခဏတာမျှ တိတ်ဆိတ်သွားတဲ့စကားဝိုင်းကို ၀မ်ကအစချီလိုက်တော့ အန်တီကင်မ်က ပြုံးသည်။၀မ့်ကိုကြည့်တော့ သူ့လက်မောင်းကို ချိတ်ဆွဲကာ ဒီအခြေအနေကို သဘောကျနေသည့်ဟန်။ ၀မ့်အပြုံးတွေမြင်နေရတာက ပန်းခင်းလမ်းကိုလျှောက်နေရသလိုပါပဲလေ။
YOU ARE READING
ဦးဂျွန် ( Kookjin )
Fanfictionဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23