🤎30🤎

775 160 30
                                    

ဒီနေ့နဲ့ဆို ဆေးရုံမှာ သူနေရတာ နှစ်ပတ်ပြည့်တော့မည်။ ထိုနှစ်ပတ်လုံး ဦးဂျွန်လည်း မရောက်လာခဲ့သလို မမဟန်လည်းမပေါ်လာခဲ့။ မေမေနဲ့ဖေဖေသာသူ့အနားမှာရှိပြီး တစ်နေ့တစ်နေ့ ဆေးတွေပဲသွင်းနေ
ရတာမို့ စိတ်တွေလည်းပင်ပန်းလှပြီ။

ဦးဂျွန်ကို တွေ့ချင်ပေမယ့် မေမေက နေကောင်းမှသွားရမယ် ဆိုလို့။ မမဟန်ကို ဖုန်းဆက်ချင်ပေမယ့်မမဟန်က ခရီးသွားနေတယ်ဆိုလို့  သူ့စိတ်တွေကိုလျှော့ချထားရတာ။ ဖြစ်နိုင်ရင် နှစ်ယောက်လုံးကိုဖုန်းတွေတပွမ်ပွမ်ဆက်ပြီး ရစ်လိုက်ချင်သည်။

“ကျွီ ”

အခန်းထဲ မေမေ၀င်လာသည်မို့ ကုတင်ထက်ပြန်လှဲကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။မေမေကအခန်းတံခါးကို သေချာပိတ်ကာ သူ့အနားကိုဖြည်းဖြည်းချင်းလျှောက်လာသည်။ ထိုင်ခုံဆွဲယူသံကြား
လိုက်ပြီးနောက် ကျောပေးထားတဲ့ သူ့ပခုံးကိုဖွဖွလေးလာကိုင်သည်။

“သားငယ် ခဏထအုံး မေမေ ပြောစရာရှိလို့”

“ဟင် ....”

“ခဏထအုံး အရေးကြီးလို့”

ဖြည်းညှင်းစွာ မေမေ့ဘက်လှည့်ရင်း ထလိုက်သည်။ထိုအခါ မေမေက သူ့ကျောနောက်၌ ခေါင်းအုံးခုပေးပြီး သူ့အရှေ့ကို ဖိတ်စာတစ်ခုထည့်ပေးလာသည်။

“မေမေ ဘာကြီးလဲ ”

“အခုတော့ မဖွင့်နဲ့အုံး မေမေ အရင်ပြောမယ်”

“ဟုတ် ”

“သားနှလုံးအတွက် အလှူရှင်ကို ရှာတွေ့ပြီ
သန်ဘက်ခါ ခွဲစိတ်မှုလုပ်ရတော့မယ်”

“ဟာ! တကယ်လား မေမေ !”

ပျော်သွားတာတော့ အမှန်။ တောက်လျှောက်ဒုက္ခပေးလိုက် ၊လူတွေနဲ့ဝေးကွာအောင် လုပ်လိုက်နဲ့။သူ့ကိုအမျိုးမျိုးဒုက္ခပေးနေတဲ့ နှလုံးကလေ အလှူရှင်ရှာတွေ့ပြီတဲ့။ ဒီသတင်းကို မမဟန်နဲ့ဦးဂျွန်သာသိရင် ဘယ်လောက်ပျော်လိုက်မလဲ။

“အင်း အဲ့တာကြောင့် သန်ဘက်ခါမတိုင်ခင်အထိကျန်းကျန်းမာမာနေပြီး ထိခိုက်မှုမရှိအောင်သားငယ်လေးက နေပေးနော် ”

ဦးဂျွန် ( Kookjin )Where stories live. Discover now