🤎24🤎

1K 183 26
                                    

February 18.....။

" Happy birthday ဟိုဆော့
နမ်ဂျွန်းနဲ့ ပိုပိုချစ်နိုင်ပါစေ"

" မွေးနေ့မှာ ပျော်ရွှင်ပါစေ
ကိုယ့်ဂဏန်းသေးသေးလေးရေ"

မွေးနေ့ဆုတောင်းတွေကြား မွေးနေ့ရှင်လေးသည်ဘယ်လိုနေရမှန်းတောင်မသိ။ အညိုရောင်ကိတ်မုန့်လေးကို ကိုင်ကာ အပြုံးတွေသည် တဆုံးလှပ‌ကာနမ်ဂျွန်းရဲ့အကြည့်တွေသည် မွေးနေ့ရှင်အပေါ်အဆုံးမဲ့....။

"ကျွန်တော် မွေးနေ့ကို မေ့နေခဲ့တာ.....နမ်ဂျွန်းနဲ့ဆရာ၀န်ကြီးကြောင့်သာ မဟုတ်ရင် မွေးနေ့ကိုဘာမှန်းမသိ ကျော်သွားလိုက်ရမှာဗျ။
ကျေးဇူးပါပဲနော် နှစ်ယောက်လုံး"

"ဟိုဆော့ရဲ့ ရည်းစားကိုသာ ကျေးဇူးတင်ရမှာပါဗျာ။သူက မနက်အစောကြီး ကျွန်တော့်ကိုလာနိူးပြီးမြို့ပေါ်ခေါ်သွားတာလေ။ အိပ်ချင်မူးတူးနဲ့လိုက်သွားတာပဲရှိတယ် ကိတ်မုန့်ဆိုင်ရောက်မှ ဟိုဆော့မွေးနေ့
မှန်း ကျွန်တော်လည်းသိတာ..."

မွေးနေ့ရှင်လေးသည် မျက်နှာအောက်ချကာနူတ်ခမ်းတွေဖိကိုက်နေသူထံကြည့်တော့ ပါးချိုင့်တွေပေါ်အောင်ပြန်လည်ပြုံးပြလာသည်။ကိတ်မုန့်လေးကိုစားပွဲပေါ်ပြန်ချကာ နမ်ဂျွန်းထံ ဖြည်းဖြည်းချင်းလျှောက်သွားတော့ နမ်ဂျွန်းကမော်ကြည့်လာ၏။

"ကျေးဇူးပဲနော် ဂျွန်း
ငါမင်းကို ကျေးဇူးအများကြီးတင်တယ်"

"မလိုပါဘူး ကိုယ့်အတွက်။
ကိုယ့်အတွက် အရေးကြီးဆုံးက မင်းပဲလေ
ဟိုဆော့ရဲ့....ငါကမင်းနဲ့ပတ်သက်လာရင်
မှတ်ညဏ်ကောင်းပြီးသားပါ"

ဘ၀တစ်လျှောက်လုံး ငွေရှာဖို့နဲ့ ကင်နမ်ဂျွန်းကိုချစ်ဖို့ကလွဲပြီး အမှတ်သည်းခြေတွေ မကောင်းခဲ့တော့ အဲ့လိုပဲ။ အမှတ်တရနေ့တွေရောက်တိုင်းမေ့တတ်တဲ့ ဦးနှောက်လေးကို ကင်နမ်ဂျွန်းကပြန်ပြန်ဆွဲခေါ်ပေးရတယ်။

"အကြည်စိုက်တာလေးတွေ break မယ်
ကိတ်မုန့်ခွဲရအောင် ကျွန်တော် ဆာနေပြီ"

"ဟင်"

"ဗိုက်ဆာနေပြီပြောတာပါ ဟဲဟဲ"

သုံးယောက်သား ကိတ်မုန့်ကို ပတ်ပတ်လည်ဝိုင်းပြီးတဲ့နောက် ဆရာ၀န်ကြီးကဖယောင်းတိုင်လေးတွေစိုက်ပေးသည်။
နမ်ဂျွန်းက ကိတ်ခွဲဖို့ဓားကိုအသင့်
ကိုင်ထားပေးသည်။ ခဏကြာတော့ အဆောင်မီးကိုပိတ်လိုက်ကာ မွေးနေ့ရှင်ကို စတင်ဂုဏ်ပြုလေတော့သည်။

ဦးဂျွန် ( Kookjin )Where stories live. Discover now