🤎23🤎

980 196 27
                                    


အချစ်ဟာ တစ်ခါတစ်လေ
စွန်ကလေးနဲ့တူပြီး တစ်ခါတစ်လေ ငှက်ကလေးနဲ့တူပါတယ်။

ကြိုးလေးပြတ်သွားတာနဲ့
ဟိုးအဝေးထွက်သွားမှာကို သိသလို
အတောင်စုံတာနဲ့ ဒီရင်ကို
ကန်ထွက်သွားမှာကိုလည်း
သိနေသလိုမျိုးပေါ့။

ချစ်မိကြရင် အရှုံးပဲတဲ့။
သူများအပိုင်ကို ချစ်မိရင်ရော
ဘယ်လောက်အထိများ
အရှုံးသမားဖြစ်နေအုံးမလဲ။

လက်ဖမိုးပေးရင် လက်ဖဝါးလို့ပဲ
မြင်နေကြတဲ့ ဆက်ဆံရေးတွေ။
သံသယတွေအပေါ် သံသယတွေပဲ
ထပ်နေတဲ့ ဒီအက်ကြောင်းတွေ။
ထက်ပြီးလွဲပြီးရင်း လွဲခဲ့တဲ့ ဘူတာရုံလေးတွေ။မျိုသိပ်ခြင်းတွေမှာ ဖွင့်ဟပြတတ်တဲ့
ဝါသနာတွေ မပါခဲ့ကြဘူး။

လွဲပြီးရင် လွဲနေတဲ့ ဇာတ်လမ်းတွေရဲ့
အဆုံးမှာ ဘာတွေဖြစ်သွားမလဲလို့....
လူတွေကမေးကြတယ် ဦးဂျွန်။
အဖြေတွေ မရှိသည့်တိုင်အောင် ကျွန်တော်တို့ဟာတစ်ယောက်အကြောင်း တစ်ယောက်မသိသေးလို့ ဘယ်အရာမှ
ပခုံးချင်း မညှိနိုင်ပါဘူး။

မေတ္တာပေးရင် မေတ္တာပြန်ရသလို
နာကျင်စရာတွေ မျှဝေရင်လည်း
နှစ်သိမ့်နားလည်ပေးကြရမယ့်
ခံစားချက်တွေပါ။

သံသယတွေကြား မလွတ်လပ်သေးသ၍
ကျွန်တော်တို့က ဝေးနေအုံးမှာပါပဲ......။

####

တစ်လတောင်ကျော်ခဲ့ပြီ။ ဦးဂျွန်ဆီက ထွက်လာခဲ့တာ တစ်လများတောင် ကျော်ခဲ့ပြီတဲ့။ မယုံနိုင်သေးသလို အဖြစ်အပျက်တိုင်းဟာ မနေ့ကလို။ပြက္ခဒိန်တွေလှန်လိုက်တိုင်း မရောက်ချင်တဲ့နေ့စွဲတွေကသူတို့ချစ်သူဖြစ်တာ ၆လပြည့်တဲ့ရက်ကလေးကိုညွှန်ပြနေသည်။ ရက်စွဲများအရတော့ သန်ဘက်ခါ
ဟာ ခြောက်လပြည့်။ သံယောဇဉ်များနဲ့တိုင်းတာရင်တော့ ‌အရာခပ်သိမ်းဟာ ထာ၀ရ နှစ်ပတ်လည်။

"သားငယ် "

ပြက္ခဒိန်စာရွတ်ကို အမြန်ဖြဲကာ ထိုင်ခုံ၌ ဘာမှမဖြစ်သလိုထိုင်လိုက်သည်။ မေမေတို့ ဒီအကြောင်းကိုမသိသေးသလို သိလို့လည်းမဖြစ်။ နှစ်ဖက်အိမ်လုံးမျက်နှာပူရတဲ့အခါ ဒီဇာတ်လမ်းမှာ ဘယ်သူ့ကိုမှဗီလိန်မဖြစ်စေချင်ဘူး။ ၀တ္ထုစာအုပ်တစ်အုပ်ကိုလှန်
ကာ စာဖတ်နေဟန်သာ ဆောင်လိုက်သည်။

ဦးဂျွန် ( Kookjin )Where stories live. Discover now