"လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်
မယ်လွန်"ကားပေါ်က ဟန် ဆင်းကာ လိုက်ပို့ပေးတဲ့မယ်လွန်ဆိုတဲ့ မိန်းကလေးကို နူတ်ဆက်လိုက်သည်။ သူကသာ နူတ်ဆက်နေတာ။ တစ်ဖက်မိန်းကလေးကလှည့်တောင်မကြည့်သွား။ ဟန်ဆင်းပြီးတာနဲ့ ဂီယာထိုးကာ ကားမောင်း၍လမ်းထဲမှထွက်သွားသည်။
ထိုကားလေး မျက်စိထဲမှပျောက်ပြီဆိုမှ ဟန်တစ်ယောက်သက်ပြင်းတွေချရင်း ခြံတံခါးကိုဆွဲဖွင့်လိုက်သည်။ ခြံထဲမှာ ကားတစ်စီးရောက်နေသည်။ဟန်သိသလောက်ပြောရရင် ဒေါက်တာဂျွန်တို့အိမ်ကကားပဲဖြစ်ရမည်။ ခြံတံခါးကို ပြန်ပိတ်ပြီး အိမ်ထဲကိုဟန်လျှောက်လာခဲ့သည်။
"ဟန် ပြန်ရောက်ပြီလား"
"ရောက်ပြီ အန်တီ။ ဒီနေ့ အမှုသည်တစ်ခုကို မေးနေရတာနဲ့ အချိန်နည်းနည်းကုန်သွားတယ်"
"အေးကွယ် အော် ဒါနဲ့ ဒီဖက်က မိသားစုက
ဂျွန်မိသားစုလေ ဟန်။ သားငယ်လေးပြောပြောနေတဲ့ ဦးဂျွန်ဆိုတာ ဒီကောင်လေးပေါ့"အန်တီက ဆိုဖာအစွန်မှာထိုင်နေတဲ့ လူကိုလက်ညိုးထိုးပြသည်။ အသိအမှတ်ပြုံရုံလောက်ပဲ ခေါင်းငြိမ့်နူတ်ဆက်လိုက်သည်။ ပြောရရင် အဲ့ဒီဦးဂျွန်ဆိုတဲ့လူကို သိပ်ကျေနပ်နေတာမျိုးတော့မဟုတ်ဘူး။
သူ့ဟာသူ ဂိမ်းဆော့ပြီးအေးဆေးနေနေတဲ့ ငယ်လေးရဲ့ဘ၀ထဲကို ခြေလိမ်လာခဲ့တာ။ တစ်ယောက်ထဲ၀င်လာခဲ့တာတောင် မဟုတ်ဘူး။ ရည်းစားကပါလိုက်သေးတယ်။
ဟန်က မပြုံးမရယ်အနေအထားနဲ့ ဦးဂျွန်ဆိုတဲ့လူကိုကြည့်၍နူတ်ဆက်တော့ ထိုလူက မျက်လုံးဝိုင်းကြီးတွေနဲ့ ပြန်ကြည့်သည်။ အားလုံးက သူ့စကားဝိုင်းနဲ့သူ အဆင်ပြေနေကြသည်။ တစ်ယောက်သောမောင်ဖြစ်သူကို မျက်လုံးကဝေ့ဝိုက်ရှာမိတော့ မတွေ့။
"အန်တီ ငယ်လေးရော"
"အရေးကြီးကိစ္စရှိလို့ဆိုပြီး အပြင်ထွက်သွားတာအန်တီဖြင့် တားချိန်တောင် မရလိုက်ဘူး ဟန်"
"ဟင်....သူက ဒီညနေ ဘာကိစ္စရှိလို့လဲ"
ဟန်က ပြောပြောဆိုဆိုနဲ့ဖုန်းကိုထုတ်ကာ 'ငယ်လေး'ဆိုတဲ့ နံပါတ်ကိုနိုပ်လိုက်သည်။ ဖုန်းဟာ၀င်ပေမယ့်မကိုင်။ တစ်ခါခေါ်မရလို့ ဒုတိယအကြိမ်ထက်ခေါ်တော့ ကိုင်လာသည်။
YOU ARE READING
ဦးဂျွန် ( Kookjin )
Fanfictionဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23