🤎9🤎

1.4K 215 10
                                    

“အီးဟီး!! ဦးဂျွန်!! အဟင့် !”

“ဘာဖြစ်တာလဲ ဆော့ဂျင်လေး! ဘယ်သူအနိုင်ကျင့်လိုက်တာလဲ မှန်း!”

ခြံထဲကို ငိုကြီးချက်မနဲ့၀င်လာသော ကလေးငယ်အားပွေ့ဖက်လိုက်သည့် ၁၉နှစ်သားအရွယ်ကောင်လေးတစ်ယောက်။ ရင်ခွင်ထဲ တသိမ့်သိမ့်တုန်ကာငိုနေသည့်ကလေးဟာ ဝူးဝူးဝါးဝါးနဲ့ စကားတွေလည်း မပီ။ သူ့ခါးကိုဖက်ကာ မျက်နှာကိုရင်ခွင်ထဲအတင်းအပ်ထားသည်။

“ဘာဖြစ်တာလဲ ဦးဂျွန် မေးနေတယ်လေ ကလေးလေး”

ကြည်လင်ချိုမြတဲ့ အသံလေးအဆုံး ငိုနေသည့်ကလေးငယ်ဟာ မော်ကြည့်လာသည်။ မျက်ရည်တွေနဲ့ နှပ်တွေဆိုတာ မြင်မကောင်း။ နီရဲနေတဲ့မျက်၀န်း‌ညိုညိုလေးတွေက သူ့ကို အားကိုးတကြီးကြည့်နေသည်။ ‌နူတ်ခမ်းဖူးဖူးလေးက ရှိုက်သံတွေနဲ့တုန်ယင်
သွားတိုင်း ရင်ဘတ်ထဲက ကောင်းကျိုးမပေးသည်တစက်လေးမှ မငြိမ်သက်။

“အဟင့်! ဒိုဟီး ဟင့်! သား ခဲဖျက်ကို ယူ ဟင့်
ယူသွားလို့! ”

အမြဲတမ်းပဲ။ ကျောင်းမှာအနိုင်ကျင့်ခံရရင် ငိုပြီးပြန်လာတယ်။ ပြီးရင် ဦးဂျွန်ဆိုတဲ့ လူကြီးကိုလာလာချွဲတယ်။ ခဲဖျက်လေးမှာ ပတ်ထားတဲ့ စက္ကူအဖက်လေးကိုချွတ်ရင်။ ဒါမှမဟုတ် သူအမြတ်တနိုး သိမ်းထားတဲ့ပစ္စည်း‌တွေကိုယူသွားရင် အခုလိုပဲ ငိုပြီးပြန်လာတတ်တယ်။

ဘယ်တော့မှ မပူလောင်ခဲ့ပါဖူး။
၁၉နှစ်သားရဲ့ ဦးနှောက်ထဲမှာ ဒီကလေးငယ်ကိုချော့နေရတဲ့အချိန်တွေဟာ အလှပဆုံးနဲ့အနုပျိုဆုံးပဲ။

“ကလေးလေးဆီက ယူသွားတာလား
ဘာမှမပြောပဲလေ”

ခေါင်းတဆက်ဆက်ငြိမ့်ပြသည့် ကလေးငယ်ကိုဒုတိယအကြိမ် ရင်ခွင်ထဲထည့်ကာ ခေါင်းလေးပုတ်ပေးလိုက်မိသည်။ သေးသေးကွေးကွေးလေးဟာပခုံးကျယ်ကျယ်နဲ့။ ထိုပခုံးကျယ်ကြီးတွေကိုလုံခြုံစွာဖက်ထားပေးတော့ သူ့ပခုံးပေါ်မေးတင်ထားသည်မှာ ‌ငြိမ်ငြိမ်သက်သက်ပဲ။

“နောက်တစ်ခါ ဆရာမနဲ့တိုင်လေ”

“ဟင့်အင်း! ဆရာမကို ဟင့် တိုင်ရင် ဆရာမကဒိုဟီးကို ဆူမှာပေါ့ ”

ဦးဂျွန် ( Kookjin )Where stories live. Discover now