🤎22🤎

1K 181 48
                                    

လေးလံနေသော မျက်ခွံများကို ဖြည်းညှင်းစွာဖွင့်
လိုက်သည်နှင့်တစ်ပြိုင်နက် စူးရှသော မီးအလင်း
ရောင်က မြင်ကွင်းထဲ တိုးဝင်လာသည်။ အလင်းဒဏ်ကို မခံနိုင်သဖြင့် မျက်မှောင်ကျုံ့လိုက်တော့
ခပ်ကြီးကြီး လက်ဖဝါးပြင်က မြင်ကွင်းတွေကိုအုပ်
မိုးလာခဲ့သည်။

“ကလေးလေး”

ခေါ်သံတွေသည် နားထဲမှတဆင့် သွေးကြောတွေထဲ၊
သွေးကြောတွေထဲမှတဆင့် နှလုံးသားထဲ ပျော်ဝင်
သွားကာ အသံပိုင်ရှင်ကို နှစ်ခါစဉ်းစားစရာမလို။
ဦးနှောက်တွေသည် ချစ်တဲ့သူနဲ့ပတ်သက်လာရင်
အလိုလို အလုပ်လုပ်နေတတ်၏။

သို့ပေမယ့် အဖြစ်အပျက်တွေနဲ့ပတ်သက်လာရင်
သိပ်အလုပ်မလုပ်ခဲ့ပုံပေါ်သည်။ ထို့ကြောင့် မျက်ဝန်း
များကိုခေတ္တမှိတ်ကာ ဖြစ်ခဲ့သမျှကို ပြန်စဉ်းစားရ
သည်။

“ကလေးလေးက ထွက်ပြေးသွားတော့
ဦးဂျွန် လိုက်ဖမ်းခဲ့ပါတယ် ဒါပေမယ့် လမ်းမှာတင်
မေ့လဲသွားတော့ ဦးဂျွန် သေချာပွေ့နိုင်ခဲ့ပါတယ်”

အသံပိုင်ရှင်သည် သူ့အတွေးတွေကို သိနေသည့်
အလား။ ဆတ်ခနဲ မျက်ဝန်းတွေကိုဖွင့်ကြည့်လိုက်
တော့ အလင်းရောင်ဟာ သိပ်မစူးတော့။ သူ့ကိုကြည့်
နေတဲ့ မျက်လုံးဝိုင်းကြီးတွေကသာလျှင် ပို၍စူးရှ
ဝိုင်းစက်နေသည်။

“ငယ်လေး သက်သာရဲ့လားဟင်”

အသံလာရာကို ကြည့်လိုက်တော့ ဦးဂျွန်ဘေးမှာ
မမဟန်။ ပြီးတော့ ဒေါက်တာထယ်ယောင်းနဲ့ယွန်ဂီ။
မသိလိုက်ခင်မှာပဲ လက်ကိုလူပ်လိုက်မိတော့ တစ်ခု
ခုနဲ့ ချိတ်ထားသလို ခံစားချက်။

“အရမ်းမလူပ်နဲ့လေ ဆော့ဂျင်နီး
ဆေးသွင်းထားတယ် ”

ဂျီမင်းက ပြောရင်း ဆေးသွင်းနေတဲ့ သူ့လက်ဖမိုး
လေးကို ဖွဖွလေးဆုပ်ကိုင်လာသည်။ အားလုံးရဲ့
အကြည့်တွေဟာ သူ့ထံ သနားစရာလေးသကဲ့သို့
ကျရောက်လာတော့ လူသည် ချောက်ကမ်းပါးကပြို
ကျသွားသလိုပဲ။ အမြဲတမ်း.....ဆိုးသွမ်းအလိုလိုက်ခံ
ထားရတဲ့သူက ရုတ်တရက် သနားစရာ‌ရောဂါသည်
လေးဖြစ်သွားတော့ ‌စိတ်တွေသည် ဆောက်တည်ရာ
မရ။

ဦးဂျွန် ( Kookjin )Where stories live. Discover now