‘ဖြောင်းးးးးးး’
ရိုက်ချက်ပြင်းပြင်းနှင့်အတူ မြေပြင်ပေါ်သို့ ပုံခနဲလဲကျသွားတဲ့ ဟန်။ လိမ္မော်ရောင်ဆံနွယ်တွေဝဲခနဲ။မျက်နှာသည် လည်ထွက်သွားကာ စပ်ဖြင်းဖြင်းအထိအတွေ့နှင့်အတူ ညာဘက်ပါးပေါ်မှ နာကျင်မှု။ပူနွေးသွားတဲ့ ပါးပြင်လေးအား လက်ဖြင့်အုပ်ပြီးမနာသလို မျက်နှာထားဖြင့် ပြန်ထလိုက်သည်။
“ငါ့ဘ၀မှာ နောင်တရတဲ့ အမှားတစ်ခုကဘာလဲသိလား”
“......”
“နင့်ကို ငါ့တူမအဖြစ် ခေါ်လာခဲ့မိတာပဲ ဟန်
မိဘမဲ့တစ်ကောင်ကြွက်မို့လို့ သနားခဲ့မိတာ
ငါ့အတွက် ထာ၀ရ အမှားပဲ”စကားအဆုံး၌ ဟန့်မျက်၀န်းကျဉ်းကျဉ်းလေးတွေကျယ်သွားကာ အန်တီ့စကားကို နားမလည်သလိုကြည့်လိုက်သည်။ ရင်ထဲဗလာကျင်းသွားတဲ့ခံစားချက်နဲ့အတူ စိတ်တွေသည် ဆောက်တည်ရာမရ။
ခံစားချက်တွေမဲ့လာရင် သေသွားတတ်တဲ့မျက်၀န်းတွေဟာ အန်တီ့တစ်ယောက်ကိုပဲ အကြောင်းမဲ့ကြည့်ပြီး နူတ်ဆိတ်နေခဲ့သည်။
“နင့်ကြောင့် ငါ့သားအခုလိုဖြစ်ရတာ ဟန်
နင်သာ သူ့ကို ဟိုတစ်ယောက်ဆီ မခေါ်သွားရင်ငါ့သားအခုချိန် အိမ်မှာစာကောင်းကောင်းလုပ်နေမှာအားလုံးက နင့်ကြောင့် နင်ကြောင့်!!!”“အန်တီ.....”
“နင်က တစ်ကောင်ကြွက်ဘ၀မှာပဲ နေခဲ့သင့်တယ်”
“အန်တီ ဘယ်လိုပြောလိုက်တာလဲ...”
မယုံကြည်နိုင်တဲ့ မျက်၀န်းသေတွေနဲ့အတူ အသိညဏ်တွေက ဗလာနတ္ထိပဲ။ အန်တီဟာ သူ့အတွက်အမေလည်းဟုတ်သလို ၊ သိပ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်းဟုတ်တယ်။ အမေမရှိဘဲ ကြီးပြင်းလာတဲ့ ဘ၀တစ်ခုလုံး အန်တီကထိန်းကွပ်
ပေးခဲ့လို့ ။ အန်တီသာ မကယ်တင်ခဲ့ရင် သူ့ဘ၀ကြီးပျက်စီးရတော့မှာမို့။ အန်တီတို့မိသားစုရဲ့ကျေးဇူးတွေဟာ သူ့အတွက် ဒီတစ်သက် မဆပ်ကုန်နိုင်ဘူးလို့တောင် တွေးခဲ့တာ။ဒါကို အန်တီက ဘယ်လိုများ။“ငါ့သားကို ဖျက်ဆီးတာလဲ နင်ပဲ
ငါ့သား နှလုံးရောဂါဖြစ်ရတာလဲ နင်ပဲ
ငါ့သားရဲ့ ကောင်းခြင်းတွေကို နင်ကပဲ ဖျက်စီးခဲ့တာကျေးဇူးပြုပြီး ငါတို့မိသားစုနဲ့ ထက်ပြီးမပတ်သက်ပါနဲ့တော့....”
YOU ARE READING
ဦးဂျွန် ( Kookjin )
Fanfictionဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23