🤎32🤎

947 185 15
                                    

လေးလံနေသော မျက်ခွံများကို ဖြည်းညှင်းစွာဖွင့်လိုက်တော့ ပထဦးစွာ မျက်နှာကျက်ဖြူဖြူကိုမြင်လိုက်ရသည်။ ထို့နောက် နှာခေါင်းထဲသို့ တိုး၀င်လာတဲ့ ပိုးသတ်ဆေးရနံ့တွေ။ ခွဲစိတ်ပြီးဘယ်နှစ်ရက်လောက် သူအိပ်ပျော်သွားခဲ့လဲမသိ။ ဒီလိုပြန်နိုးလာ
ပုံထောက်ရင် သူဟာ ခွဲစိတ်မှုအောင်မြင်ခဲ့လို့ပဲဖြစ်ပါလိမ့်မည်။

“ဟယ် သားငယ်လေး နိုးလာပြီ”

မေမေ့အသံ ကြားလိုက်ရသည်။ ဖြည်းညှင်းစွာခေါင်းစောင်း၍ကြည့်တော့ မေမေနဲ့ဖေဖေဟာသူ့အနားမှာ။ ဦးဂျွန်ကရော....ဘယ်မှာလဲ။

“မေ...မေ”

သူ အားယူ၍ ဖြည်းညှင်းစွာခေါ်လိုက်တော့ မေမေက မျက်ရည်တွေနဲ့ခေါင်းတငြိမ့်ငြိမ့်။ ဆေးသွင်းထားတဲ့ သူ့လက်ခုံလေးကို ဖွဖွလေးဆုပ်ကိုင်ရင်းမေမေက ရှုံးပွဲချငိုလေ၏။

“မေမေ့သားလေး နိုးလာဖို့.....မေမေ အများကြီးဆုတောင်းခဲ့ရတာ! ကျေးဇူးတင်ပါတယ် နိုးလာပေးခဲ့လို့ ကျေးဇူတင်ပါတယ် မေမေ့သားရယ်!!”

မေမေဟာ ငိုနေခဲ့တာ ရှိုက်ကြီးတငင်။ မေမေငိုတာမြင်တော့ သူ့မျက်၀န်းတွေလည်း တောင်မခံနိုင်။သူပါ ရော၍ငိုမိသည်။ ထိုအခါ ဖေဖေက မေမေ့မျက်ရည်တွေကိုတစ်လှည့်၊ သူ့မျက်ရည်တွေကိုတစ်လှည့် သုတ်ပေးရသူ ဖြစ်လာတော့သည်။

“မငိုပါနဲ့ကွာ မင်းတို့သားအမိကလဲ....မင်းတို့ငိုတော့ငါလည်းငိုချင်တာပေါ့”

“ကျွန်မက ၀မ်းသာလို့ငိုတာလေ”

“ငါလည်း၀မ်းသာတယ်လေ မျက်ရည်မှ
မထွက်လာတာ ”

ဖေဖေက ရယ်သံကျဲကျဲနဲ့ဆိုတော့ မေမေရောသူပါငိုနေရင်း ရယ်မိသွားကြသည်။ ခဏကြာတော့ဖေဖေက ဆရာ၀န်ခေါ်ဖို့ထွက်သွားသည်။မေမေနဲ့သူသာ အခန်းထဲကျန်ခဲ့သည်။

“မေမေ ....”

“ပြောလေ သားငယ် ဘာစားချင်လို့လဲ မေမေ
ဘာလုပ်ပေးရမလဲ ”

“ဟို....ဟို”

သူဆက်ပြောချင်ခဲ့ပေမယ့် မပြောနိုင်။ စကားတွေဟာ လည်ချောင်း၀၌ အားစေးမိသလို ကပ်ညှိနေခဲ့သည်။ မေမေက ဒါကိုသဘောပေါက်သည်ထင်ပါ၏။ သူ့လက်တွေကို ဆုပ်ကိုင်လာရင်း.....။

ဦးဂျွန် ( Kookjin )Where stories live. Discover now