တချောက်ချောက်မြည်နေသော တိုင်ကပ်နာရီထံမှအချက်ပေးသံနှင့်အတူ ဧည့်ခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ အချိန်အားဖြင့်ည၁၂နာရီကျော်ကျော်။ အိမ်အပြင်ဘက်၌ တိတ်ဆိတ်ကာ ပတ်၀န်းကျင်တစ်ခုလုံး အပ်ကျသံတောင်
မကြားရ။ ထိုစဉ် ခြံထဲသို့ စူးခရဲ၀င်လာသည့်
ကားမီးရောင်တစ်ခု။“ပြန်လာပါစေအုံး ဒင်း ငါနဲ့တွေ့မယ်”
ဆူဆူပုပ်ပုပ် မျက်နှာလေးကို ဂိတ်ဆုံးထိ ဆွဲမြင့်ကာဆိုဖာအလည်၌ ထိုင်လိုက်သည်မှာ မိန့်မိန့်ကြီး။လက်နှစ်ဖက်ကိုပိုက်ထားကာ အိမ်တံခါးကို စိုက်ကြည့်နေသည်မှာ ကြောက်စရာ။ အကြည့်တွေထဲမီးလျှံလေးတွေ ကြီးစိုးနေပြီး တစ်ပတ်လုံး မကျေနပ်ခဲ့တဲ့စာမျက်နှာတွေအတွက် ဒီညကတော့မီးကုန်ယမ်းကုန်ကို ပေါက်ကွဲပစ်တော့မှာ။
နာရီသံက တချောက်ချောက်၊ ဝါကျင့်ကျင့်မီးရောင်အောက်က ထိုင်နေတဲ့ကောင်လေးရဲ့အကြည့်စူးစူး။တံခါးဆွဲဖွင့်မယ့်လူရဲ့ ဘ၀ကတော့ မတွေးရဲစရာ။
ခဏကြာတော့ ကားစက်သံရပ်သွားသည်။ အိမ်ထဲကို ၀င်လာတော့မည်ထင်။ တွေးနေစဉ်မှာပဲ ပွင့်ဟလာတဲ့ အိမ်တံခါးနဲ့အတူ......လေးလေးပင်ပင်အသံ။
“ခလိန်း......”
မူးရူးကွဲပြဲနေသော ပုံစံဟာ ငါတို့ရဲ့ဆရာ၀န်ကြီးလို့ပြောရင် နည်းနည်းမှယုံချင်စရာမကောင်းနေ။အမြဲတမ်း သပ်သပ်ရပ်ရပ်၀တ်စားတတ်တဲ့သူက ဒီညရဲ့မြင်ကွင်းမှာတော့ ဖရိုဖရဲ။
နက်ကတိုင်မှာလည်းတင်းတင်းရင်းရင်းမရှိနေ။ ခြောက်ပေအကွာကတောင် နှာဖျားထဲတိုး၀င်လာတဲ့ ယမကာအနံ့တွေက ညတိုင်းလိုလို ရနေခဲ့တာ တစ်ပတ်လောက်ရှိပြီ။
ဒါတင်ဘယ်ကမလဲ။ တဖြည်းဖြည်းနဲ့ လွဲချော်လာတဲ့Key pointတွေလည်း ရှိသေးတယ်။ အချိန်မှန်မှန်အိမ်မပြန်လာဘူး။ Weekendတွေဆို ကောင်လေးတစ်
ယောက်နဲ့ partyတွေပေးတယ်။
ကြားရက်တွေဆိုအဖြူကောင်မတွေနဲ့ ခဏခဏမြင်ရတယ်။“ဒီနေ့ရော ဘာတွေကီးချော်လာပြန်ပြီလဲ ဦးဂျွန်”
ခေါ်သံသည် ဖိန်းဖိန်းရှိန်းရှိန်း။ မတ်တပ်ရပ်နေရင်းအမူးပြေသွားခဲ့တာ ခေါ်သံအဆုံး ပျော့ခွေချင်လာတဲ့ဒူးနှစ်ဖက်က သက်သေပဲ။
YOU ARE READING
ဦးဂျွန် ( Kookjin )
Fanfictionဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23