🤎5🤎

1.5K 248 23
                                    

အနီရောင်တို့ ခြယ်လှယ်ထား‌ကာ ရဲ၀င့်စွာလှပလျက်ရှိသော နှင်းဆီနီနီ။
အပွင့်တွေဟာ လက်တစ်ဝါးစာမျှ
မကြီးရုံတမယ် ပန်းအိုးတွေထဲ ပွင့်လန်းနေသည်မှာ အပြည့်အနှက်။
အဝေးကကြည့်ရင်တောင် အနီရောင်တွေဟာ မျက်စိထဲ ပျိုးခနဲပျက်ခနဲ။

အကြိုက်ဆုံးတစ်ပွင့်ကိုချိုးယူကာ
နှာဖျားလေး၌ တေ့၍မွှေးရနံ့တို့ကို
အောက်ဆီဂျင်နှင့်တကွ အဆုတ်ထဲ
ရှူသွင်းလိုက်သည်။

“မေမေ့ပန်းတွေက မွှေးလိုက်တာ ”

စိမ်းနုနုရိုးတံလေးကို လက်တစ်ဆစ်မျှ
ချိုးပြီးနားရွတ်ကြားထဲ ပန်တော့
မသက်ဆိုင်သူကြီးကိုသတိရမိသွားတာ
ဖြတ်ခနဲ။ အတွေးအာရုံထဲ မျက်စိတစ်
ဖက်မှိတ်ပြခဲ့တဲ့သူ ၊ မေမေနဲ့စကားပြောနေတဲ့ ပန်းခြံထဲက သူ၊ နှင်းဆီပန်းကိုချိုးပြီး ပန်းပေးကာလွန်ခဲ့တဲ့တစ်ပတ်ရဲ့ သောကြာညနေခင်းတွေကိုအရောင်တွေဆိုးခဲ့သူ။

“လွမ်းလိုက်တာ....”

တကယ်ဆို လွမ်းတယ်ဆိုတဲ့စကားက
ဆော့ဂျင်နဲ့ဦးဂျွန်ကြား မသက်ဆိုင်တဲ့
တြိယာတစ်ခုပဲ။စည်းတွေခြားထားတဲ့ဘ၀နှစ်ခုမှာ လွမ်းတယ်၊ မုန်းတယ်နဲ့
ချစ်တယ်.....စတဲ့ခံစားချက်တွေက
မသက်ဆိုင်တဲ့တြိယာတွေ။

“တော်စမ်း ကင်ဆော့ဂျင်! အသိစိတ်၀င်စမ်း!
မင်းနဲ့သူနဲ့ပတ်သက်လို့မဖြစ်ဖူး
မျက်နှာတွေ ထောက်ရမယ်”

ကိုယ့်ကိုယ်ကို သတိပေးရင်း နှင်းဆီပန်းကိုလက်မှာကိုင်ပြီး အိပ်ခန်းထဲပြေးတက်လာခဲ့သည်။မေမေကတော့ သူမ ကြိုက်တဲ့ဇာတ်လမ်းတွဲကြည့်နေသည်။ဖေဖေကတော့ ရေချိုးနေသည်ထင်။ ရေချိုးခန်းထဲမှ
ရေကျသံတွေကြားနေရသည်။

အခန်းထဲရောက်တော့ တံခါးကိုဂျက်ထိုးကာ ခူးယူလာတဲ့နှင်းဆီပန်းကို စားပွဲပေါ်တင်ရင်း အိပ်ယာပေါ်လှဲချလိုက်သည်မှာ ဝုန်းခနဲ။ မြည်သွားတဲ့အသံနောက် စိတ်ထွေပြားခြင်းတွေပါသွားခဲ့ရင် တစ်ပတ်တိတိမွန်းကြပ်နေတဲ့ စိတ်ကလေး အေးချမ်းသွားမယ်ထင်ပါရဲ့။

တစ်ပတ်ပြည့်ပြီ။ ဦးဂျွန်ကို သူရှောင်နေခဲ့တာတစ်ပတ်ပြည့်ခဲ့ပြီ။ ဦးဂျွန်အိမ်လည်း သူမသွားဖူး။ဦးဂျွန်ကလည်း သူ့အိမ်ကိုမလာခဲ့ဖူး။ မတော်တဆလမ်းကြုံ၀င်လာရင်တောင် သူကပဲဖြစ်ဖြစ် ဦးအောင် ရှောင်ခဲ့တာ။ အတိအကျပြောရရင် သူ့လမ်းထဲ ဦးဂျွန်ကားလေး၀င်လာတာမြင်ရင် လမ်းထိပ်က
ပန်းခြံဆီ အားကစားလုပ်မယ်ဆိုပြီး ထွက်သွားလိုက်။ ဂိမ်းဆော့မယ်ဆိုပြီး ဂိမ်းဆိုင်တွေ‌ဆီ ခြေလှည့်လိုက်နဲ့ တစ်ပတ်လုံးဟာ မွန်းကြပ်စရာ။

ဦးဂျွန် ( Kookjin )Where stories live. Discover now