“ဟိုမှာ လယ်ကွင်းတွေ၊ တောင်တန်းတွေနဲ့
စမ်းချောင်းတွေအများကြီးရှိတယ်တဲ့။
ဦးဂျွန်တို့နေမယ့်ရွာကလေးမှာလေ”“ဒါဆို အများကြီးအေးချမ်းနေမှာပဲနော်”
“ဒါပေါ့ အချစ်ရဲ့”
ဘူဆန်ကရွာငယ်လေးသို့ သွားနေသည့်လမ်းကလေး၌ဖြစ်သည်။ ဦးဂျွန်က ခွင့်ပြုချက်နှင့်အညီသူ့အားခေါ်လာခဲ့တာဖြစ်ပြီး မေမေတို့ကိုလည်းစိတ်ချဖို့နဲ့မစိုးရိမ်ဖို့ အတန်တန် ကတိပေးခဲ့ပါသေးသည်။ရွာဟာ ဘူဆန်ရဲ့အစွန်အဖျားဖြစ်ပြီး ဝေးလံခေါင်းပါတဲ့အရပ်ဖြစ်သောကြောင့် အနည်းငယ်တော့ပြင်ဆင်
သွားရသည်။အစာပြေမုန့်တွေ၊ အ၀တ်အစားတွေ၊ ဆေးဝါးရိက္ခာနှင့်အတူ အသုံးအဆောင်ပစ္စည်းအချို့တွေ။ ဒါတွေအားလုံးကို ဦးဂျွန် ကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်ပြီးကားနောက်ခန်းနဲ့ နောက်ဖုံးတွင် နေရာအပြည့်ယူထားသည်။
“ဟိုရောက်ရင် ဆေးဝါးရှားမယ်ထင်တယ်”
“အင်း။ အဆက်အသွယ်လုပ်ရတာလည်း ခက်ခဲမှာအဲ့တာကြောင့် ဦးဂျွန် အများကြီးပြင်ဆင်လာတယ်”
“ဟုတ်လား”
“အင်း တစ်လတစ်ခါ ရိက္ခာနဲ့ ဆေးဝါး များများပို့ပေးဖို့ စာတမ်းတင်ခဲ့တယ်။ ဒေါက်တာထယ်ယောင်းက ဒီပရောဂျက်ကိုကိုင်တာလေ။ သူက တိကျပြီးမှန်ကန်တယ်။ အင်တာနက်လိုင်းတွေနဲ့ ဖုန်းလိုင်းတွေကတော့ ရွာလမ်းရောက်တာနဲ့ သိပ်မမိတော့ဘူးလို့ကြားတယ်”
“တော်တော်ဝေးတဲ့နေရာပဲ...”
“အဲ့တာကြောင့် ရောဂါဖြစ်ရင် ဘယ်သူမှမသိကြတာပေါ့။ ဒီလိုနေရာတွေမှာနေတဲ့လူတွေက အားလုံးထက် အခက်ခဲဆုံးပဲ ဟိုရောက်ရင် သိမှာပါ အခုတော့ အိပ်လိုက်အုံးလေ မနက်အစောကြီးထလာရတာ”
“ဘယ်သူနိုးတာလဲ ပြော”
မျက်စောင်းလေးထိုးကာ ရန်တွေ့လိုက်တော့ကားမောင်းနေသည့်ဆရာ၀န်ကြီးက တဟားဟားရယ်သည်။ သူ့ပါးတစ်ဖက်ကို ဖွဖွလေးလာဆွဲပြန်သည်။
“အိပ်တော့ ကလေးလေး
ရောက်ရင် ဦးဂျွန် နိုးမယ်
ဗိုက်ဆာရင်လည်း ပြောနော်
မုန့်တွေအများကြီး ပါတယ်”
YOU ARE READING
ဦးဂျွန် ( Kookjin )
Fanfictionဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23