🤎16🤎

1.1K 194 28
                                    

အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်ကိုစားပွဲပေါ်တင်ပြီးသည့်နောက် ကြိမ်ကုလားထိုင်ပေါ်လှဲချလိုက်သည်။ ဒီနေ့အဖို့ ကြည့်စရာလူနာကုန်ပြီဖြစ်သောကြောင့် စာအုပ်တစ်အုပ်ဖတ်ရင်းအနားယူဖို့ပြင်လိုက်သည်။ လွယ်အိတ်ထဲထည့်လာသောစာအုပ်သုံးအုပ်အနက် အနီရောင်စာအုပ်လေးကိုထုတ်နေစဉ် အသံဆာဆာလေးတစ်ခုကြားလိုက်ရသည်။

“ဆရာ၀န်ကြီးရေ!!!!!!”

သိပ်မရင်းနှီးလှသည့်အသံမို့ ဆရာ၀န်ကြီးရဲ့ကျောများမတ်သွားသည်။ စာအုပ်ကို ကော်ဖီခွက်ဘေးချပြီး ဆေးခန်းအပြင်ဘက်ကို ခပ်မြန်မြန်ထွက်ကြည့်တော့ ရွာစရောက်တဲ့နေ့က ကောင်လေး။

“ဘာများကူညီရမလဲဗျ”

“ကျွန်တော့်ချစ်- အဲ သူငယ်ချင်း ကင်နမ်ဂျွန်း
နေသိပ်မကောင်းလို့ လိုက်ကြည့်ပေးလို့ရမလား။သူကြီးသားလေ သူကြီးသား”

ဆရာ၀န်ကြီးက ခေတ္တစဉ်းစားသွားဟန်။ သူကြီးမှာသားရှိတာသိပေမယ့် ကင်နမ်ဂျွန်းက ဘယ်သူလဲ။ဘာပဲဖြစ်ဖြစ် လိုက်တော့လိုက်သွားရမည်။

“ကျွန်တော်လိုအပ်တဲ့ ပစ္စည်းတွေထည့်လိုက်အုံးမယ် ‌ခဏစောင့်ပေးမလားဗျ”

“ဟုတ် ‌ကျွန်တော်စောင့်နေမယ် ဆရာ၀န်ကြီး”

ရွာသူရွာသားတွေက သိပ်ရိုးတာ။ ဦးဂျွန်ကိုမြင်တာနဲ့ဆရာ၀န်ကြီးဆိုတာ ပါးစပ်ကမချဘူး။ထမင်းစားချိန်တွေရောက်ရင်လည်း လာလာပို့တဲ့ဟင်းတွေဆိုတာလေ။ သူတို့အိမ်မှာစားဖို့ကျန်ရဲ့လားတောင်မသိ။ သူကတော့ ဗိုက်ပြည့်ရုံပဲစားပေမယ့် သူ့ကလေးကတော့ ဒါမျိုးအကြိုက်။ စားပြီးရင်သူပေးနေကျ အစာကြေဆေးနဲ့ဓာတ်တွေ့နေသည်ထင်ပါ
၏။ အရင်ကထက်တောင် ပိုစားကာ ပြည့်ပြည့်လေးနဲ့ သိပ်ချစ်ဖို့ကောင်းလာပါသည်။

အတွေးစများကိုရပ်ကာ လိုအပ်သည့် သွေးပေါင်ချိန်စက်၊ သာမိုမီတာ၊ ဆရာ၀န်နားကြပ်အပြင်‌ဆီးချိုဖောက်စက်....စသည့်လိုအပ်သည့်ပစ္စည်းများကို အနက်ရောင်ဆေးသေတ္တာထဲ အကျအနလျင်မြန်စွာထည့်သည်။ ထည့်ပြီးသည့်နောက် အိတ်ကိုဆွဲကာဆေးခန်းအပြင်ထွက်တော့ ဆေးခန်းထဲကလေးနှစ်ယောက်နဲ့၀င်လာသူနှင့် ဆုံ၏။

ဦးဂျွန် ( Kookjin )Where stories live. Discover now