🤎14🤎

1.2K 199 77
                                    

"ရောက်ပြီ ကလေးရေ..."

ဦးဂျွန်ရဲ့ကားလေး တိခနဲရပ်သွားသော‌
နေရာသည်ဦးဂျွန်ပြောသလို တကယ်ပင် ဝေးလံခေါင်ပါးသည့်အရပ်ဒေသလေးတစ်ခုဖြစ်နေသည်။ စိမ်းစိမ်းစိုစိုအပင်အနည်းငယ်ရှိပြီး လယ်ကွင်းများ၊ တောတောင်များနဲ့ အေးချမ်းနေပေမယ့် မြို့ကြီးနဲ့ အလှမ်းဝေး
နေသည်။

"တကယ်အဝေးကြီးပဲ"

"ဟုတ်ပါ့ အဝေးကြီး"

ဦးဂျွန်က ထိုင်ခုံခါးပတ်ကိုဖြုတ်ကာ ကားပေါ်မှဆင်းသွားသည်။ သူလည်းခါးပတ်ကိုဖြုတ်ကာဆင်းမယ်ကြံတော့ ဦးဂျွန်က အဆင်သင့်ကားတံခါးလာဖွင့်ပေးသည်။ ဘယ်ဆိုးလို့လဲ သူ့လူကြီးကအလိုက်သိသားပဲ။ ဆော့ဂျင် တစ်ချက်ပြုံးမိသွားရင်း ကားပေါ်မှဆင်းလိုက်သည်။

"ရွာလူကြီးက ဘယ်အိမ်လဲမသိဘူး"

"တစ်ယောက်ယောက်ကို မေးကြည့်ရအောင်လေ"

"အင်း...လာ ကလေးလေး
ကိုယ့်လက်တွဲထား"

ကျေနပ်စွာဖြင့် ဆက်ခနဲ လက်မောင်းကိုတွဲလိုက်သည့်ဆရာ၀န်ကြီးက ပီတိတွေဖြာနေတဲ့မျက်နှာထားနဲ့ ။ မျက်နှာချီကာ လမင်းလေးကိုတွဲရင်းကားတံခါးကိုပိတ်လိုက်သည်။ ကားသော့ကိုအိတ်ကပ်ထဲထည့်ရင်း ရွာထဲကို နှစ်ယောက်သားတူတူ၀င်လာခဲ့
သည်။

"ဘဲဥရေ ဘဲဥရေ အိမ်မှာကောင်းကောင်းနေ
ဧည့်သည်လာရင် ဖျာခင်းပေး
ဘဲဥနှာဘူးလေး!!"

"ကြက်ဥမဖင်မှာ ဝဲခြောက်တွေပေါက် ၆လကြာရင်ကလေးဆေးရုံရောက်!!"

"ကိုကိုဘဲဥ နင်မပြေးနဲ့!!!!"

သူတို့နှစ်ယောက်လက်တွဲကာ ရွာထဲ၀င်လာတော့မြေလမ်းလေးထဲကပဲ ပြေးထွက်လာတဲ့ကလေးလေးနှစ်ယောက်။ တစ်ယောက်က ကောင်လေး။တစ်ယောက်က ကောင်မလေး။ ကောင်လေးက တာယာကိုလှိမ့်လာပြီး ကောင်မလေးက သစ်ကိုင်းခြောက်နဲ့
ကောင်လေးကို အနောက်မှလိုက်ရိုက်နေသည်။

"သူတို့ကိုမေးကြည့်မလားဟင်"

"ကောင်းပြီလေ .....ဟေ့ ကလေးလေးတို့"

လှမ်းခေါ်လိုက်တော့ ငြိမ်ကျသွားသည်။ ကလေးနှစ်ယောက်အနားတူတူလျှောက်သွားရင်း ဒူးတစ်ဖက်ထောက်လိုက်တော့ ကလေးနှစ်ယောက်နဲ့သူတို့ကအတူတူဖြစ်သွားသည်။

ဦးဂျွန် ( Kookjin )Where stories live. Discover now