ဆေးရုံကိုရောက်တော့ ဒေါက်တာဂျွန်က
ယွန်ဂီနဲ့အတူ ထွက်သွားသည်။ ဆော့ဂျင်ကို ထယ်ယောင်းနဲ့ခဏထားခဲ့ရင်း ထယ်ယောင်းက ဆော့ဂျင်ရဲ့ပါးကိုဆေးလိမ်းပေးနေသည်။ အဖြစ်အပျက်အကုန်လုံးအိမ်ကိုပြောပြတော့ ဦးဂျွန်နဲ့ ရှေ့ဆင့်နောက်ဆင့်
ရောက်ချလာခဲ့သည်။“ဘယ်လိုဖြစ်ရတာလဲ သားရယ်”
“မတော်တဆပါ မေမေ သားအဆင်ပြေပါတယ်”
“ဘာအဆင်ပြေရမှာလဲ! ငါ့သားမျက်နှာလှလှလေးကို အဲ့ကောင်တွေအကုန် တရားစွဲပစ်မယ်!”
“အန်တီ စိတ်လျှော့ပါ...”
မမဟန်က ၀င်ပြောတေ့ာ မေမေက သက်ပြင်းတွေချကာ ဖေဖေ့ဘက်ကိုလှည့်သွားသည်။ ဖေဖေကဦးဂျွန်နဲ့ဖြစ်ကြောင်းကုန်စင်ကို ပြောနေကြသည်။
“အဲ့တာရှင့်ကြောင့်ဖြစ်တာ"
“ဘာရယ်”
“ဟုတ်တယ်လေ ရှင်သာ ကျွန်မသားကို ရှင့်အလုပ်မသွားခိုင်းရင် ဒီလိုကိစ္စတွေဖြစ်လာမှာ မဟုတ်ဘူး။ရှင်က အမြဲတမ်း ရှင့်ရုံးကိုပဲလွှတ်ချင်နေတာ။အခုတော့ ကျွန်မသားမျက်နှာလေး ထိခိုက်ရပြီ
အဲ့တာရှင့်ကြောင့်ပဲ!!”“ဟာ မိန်းမ....အခုက မတော်တဆလေ ပြီးတော့မင်းသားက စားသောက်ဆိုင်မှာ ဆိုလို့ ငါကလည်းစိတ်ချလိုက်တာပေါ့ အခုလိုဖြစ်မယ်မှန်းသိရင်ငါကလွှတ်မလား”
“အို....မသိဘူး မသိဘူး ကျွန်မသားကို အခုကစပြီးဘယ်မှမလွှတ်နိုင်ဘူး ရှင့်အလုပ်ရှင့်ဟာရှင်လုပ်ကျွန်မသားကို ဘာတစ်ခုမှလာမခိုင်းနဲ့!ခိုင်းတာနဲ့ ရှင်နဲ့ကျွန်မ တွေ့မယ်”
“မလုပ်ခိုင်းလို့ ဖြစ်မလား မင်းမွေးထားတာ
သားနော်။ ပြီးတော့ ယောင်္ကျားလေး....ယောင်္ကျားလေးတစ်ယောက်က ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ရမယ်။ ရင်ဆိုင်စရာရှိ ရင်ဆိုင်ရမယ်။ ပျော့ညံ့နေလို့မဖြစ်ဘူး တစ်ခုခုဖြစ်တာနဲ့ အိမ်ကလူကြီးတွေကို
အကူအညီတောင်းတာ အကျင့်တစ်ခုလိုဖြစ်နေပြီ”“အန်ကယ်လ်...”
မေမေနဲ့ဖေဖေ စကားတွေအငြင်းအခုံပြုနေတုန်းဦးဂျွန်က ကြည်လင်စွာပင် ဖေဖေ့ကိုခေါ်လိုက်သည်။ထိုအခါ ဖေဖေက ဂရုဏာဒေါသအသံတွေငြိမ်သက်ကာ ဦးဂျွန်ကိုလှည့်ကြည့်လိုက်၏။
YOU ARE READING
ဦးဂျွန် ( Kookjin )
Fanfictionဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23