Part-2

10.9K 647 45
                                    

"သမီးငယ်...ကျူရှင် သွားတော့ မလို့လား..."

"ဟုတ်တယ် ‌ဖိုးဖိုးရေ...
ဘွားတော်ကြီးဆီသွားမလို့..."

"အမလေး ငါ့မြေးရယ်...ဟားဟား...
အဲ့ ဘွားတော်ကြီးက ငါ့မြေးနဲ့ ဘာတော်လဲ ပြမယ်...
လာ...ဖိုးဖိုး ကျူရှင်လိုက်ပို့မယ်"

"ဟင်...ဟုတ်ကဲ့...ဖိုးဖိုး..."

မေမေ့ရဲ့ ဖေဖေ ...ငယ်ရဲ့ ဖိုးဖိုးမှာ...
အသက်ကြီးကြီး ‌ဆံပင်ဖြူဖြူဖြစ်သည်...
ရယ်လိုက်သည့် အခါမှသာ ရှေ့သွား တစ်ချောင်းအား
မြင်ရသည်....
ဟသ်ာတ ဇာတိဖြစ်သော ဖိုးဖိုးမှာ...
ငယ့်လိုပင် ပေါတောတော‌နိုင်လှ၏.....
ထို့‌ ကြောင့် ငယ်နှင့်ဆို အလွန်
အတိုင်ပေါက်ညီ၏.....
ငယ်ရှိရာ ဒီမြို့ ဆီ သို့ ခဏခဏ လာလည်‌ရှာသည်...

"လာ....အထဲဝင်‌ရအောင်"

"ဟမ်...ဖိုးဖိုးပါ ဝင်မလို့လား...
ဝင်လို့ရပါ့မလား..တီချယ်က ကြောက်စရာကြီးနော်
ဖိုးဖိုးကိုပါ ရိုက်လွှတ်နေအုံးမယ်..."

"အောင်မလေး...ငါ့မြေးလေးက ဘယ်တုန်းက ကြောက်တတ်သွားတာလဲ...
လာ...လာ..."

‌အိမ်ထဲ ဝင်သွားတော့....တီချယ့် မေမေကိုတွေ့သည်...အလန့်တကြားနှင့် ငယ့်အဖိုးအား
ပြေးဖက်သည်...

"အဲ...ကိုလပြည့်..."

"အ‌မလေး...ငါ့ညီမက အခု ချိန်ထိ ကလေးလေးကျနေရော..."

ဖိုးဖိုးတို့ အလွမ်းသည်နေကြချိန် တီချယ် ကျောင်းက ပြန်ရောက်လာသည်....
မနက်တုန်းက အဖြစ်ကို ပြန်မြင်ပြီး
ရှက်တောင်ရှက်မိသည်...
တီချယ်သာ ဖိုးဖိုးကို ပြောလိုက်ရင်တော့ အိမ်မှာ အရှက်ကွဲလိမ့်မည်..

"ဟော...ဦးပြည့်ပြန်ရောက်နေတာလား"

"ဒါပေါ့ ငါ့တူမကြီးရဲ့...
အထဲသွားရအောင်...ကိုတင်မောင် ကိုလည်းမတွေ့ရတာ‌ကြာရောပေါ့"

"လာ..အထဲဝင်ကြရအောင်..."

တီချယ့် ဖေဖေ အခန်းထဲသို့ ရောက်သွားကြတော့သည်...

အသက်၇၀ကျော်လောက်ရှိတဲ့အဖိုး တယောက်...

"ကိုတင်မောင်...နေကောင်းတယ်နော်"

"ကောင်းပါ့ဗျာ...ဘယ်တုန်းက ပြန်ရောက်နေတာတုန်း"

"မနေ့ညကပဲ...ဒီမှာလေ...ချစ်မြေးလေး
ကျူရှင် သွားမယ်ဆိုမှ...တူမကြီးသက်ဆီမှာ စာသင်နေမှန်း‌သိရတာ.."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now