Part-13

9.6K 588 88
                                    

"သမီး အကောင်းဆုံးဖြစ်အောင် ဖြေခဲ့နော်...
ကျန်းမာရေးလည်း ဂရုစိုက်အုံး....
အားရှိတဲ့ အစားအစာ များများစားနော်..."

"ဟုတ်ကဲ့ပါ တီချယ်ရဲ့...
‌ဒါတွေကြီးပဲမှာနေတာ....တီချယ်မောနေအုံးမယ်...
သမီး ခေါင်းထဲမှာမှတ်ထားလိုက်ပါပြီဆိုနေ..."

"ဒီကလေး...သွားခါနီး လာခါနီး နာချင်လို့.. 
မရဘူး...မှာတာပဲနားထောင်...
စာမေးပွဲဖြေပြီးလို့ အိမ်ပြန်ရောက်တာနဲ့ တီချယ့်ကို ဖုန်းဆက်နော်..."

"ဟုတ်ကဲ့ပါရှင့်...ရပြီလေ...ကားလည်း ထွက်တော့မယ်...တီချယ် ပြန်တော့လေ..."

"သမီး သွားမှ တီချယ်ပြန်မယ်..."

"တီချယ်အရင်ပြန်...သမီး စိတ်မချလို့....."

"အမယ်...ကျွန်မက ရှင့်ကို ပိုတောင် စိတ် မချတာ..."

"ဟီးဟီး...တီချယ်..."

"ပြော..."

"ဟို ပြန်ခါနီးလေး fly kissလေး မပေးချင်ဘူးလားဟင်...."

"မပေးချင်ဘူး...."

"အိုး...သမီးက ဂုဏ်ထူး အများကြီး ထွက်အောင်
ဖြေခဲ့မလို့ အစက...
ခုတော့ energy လေး မရှိတော့
အောင်ရုံပဲဖြေတော့မယ်လေ..."

"ပေါက်ကရပြောချင်အုံး...အဲ့မှာ..."

"အား...အား...နာတယ်..တီချယ်ရဲ့..."

"နာအောင်ခေါက်တာလေ...
အိမ်ပြန်လက်ဆောင်ပေးတာ..
ယူအုံးမလား..."

"တော်ပါပြီ...တော်ပါပြီ..."

"စာမေးပွဲသေချာ ဖြေအုံးနော်..."

"ဟုတ်ကဲ့...တီချယ် သမီးကို ယုံတယ်မလား..."

"ယုံချင်ပါတယ်...‌"

"ဟာ...ဒါဆိုမယုံဘူးပေါ့..."

"ယုံတယ်...ယုံတယ်...ကားတောင်ထွက်တော့မယ်..
ကားပေါ်တတ်တော့..."

"ဟုတ်ကဲ့...သွားပြီနော်...တီချယ်...အာဘွား..."

"လုပ်ပြန်ပြီ...ဒီကလေးမ...
သူများမျက်နှာမှာ ဝဲတွေတော့ ပေါက်ကုန်တော့မှာပဲ..."

"ဝဲပေါက်တော့လည်း သမီး ဆေးလိမ်းပေးမှာပေါ့...
သွားပြီ တီချယ်ရေး....."

~~~~~~~~~~

"Hello တီချယ်လား..."

"ကလေးဖြေလို့ရရဲ့လား..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now