Part-17

8.6K 556 82
                                    

"ဘယ်...ဘယ်လို...တီချယ်က ဘာလို့ လက်ထပ်မှာလဲ....သ..သမီးကို မချစ်ခဲ့ဖူးလား...."

ပြောရင်းဆိုရင်း မျက်ရည်ဝဲတက်လာခဲ့တယ်...
တီချယ့် စကား တစ်ခွန်းကြောင့်
ငယ့် အသဲနှလုံးလေးတစ်စဆီ ကြေကွဲရပြီ....
တီချယ် သိပ်ရက်စက်သည်....

"ဘယ်သူက မချစ်ခဲ့ဘူး ဆိုလို့လဲ..."

"ဘယ်လောက်ပဲ ချစ်တယ်ပြောပြောပေါ့...
ဟင့်...ကိုယ်ချစ်တဲ့ သူကို ပိုင်ဆိုင်ချင်ကြတာချည်းပဲလေ တီချယ်ရယ်....
တီချယ် တကယ်ပဲ လက်ထပ်မှာလား...."

"အင်း....မပြင်တော့ဘူး...
သူနဲ့ပဲ လက်ထပ်မယ်...သူ့ကိုပဲ တစ်ဘဝလုံး အားကိုးသွားတော့မယ်...."

မျက်ရည်တွေ အတားအဆီးမဲ့စွာ...
‌တာကျိုးသလို...ကျွံကျလာတယ်...
ဒါကို တီချယ်က လှောင်လို့ကောင်းတုန်း....
ပြုံးဖြီးဖြီးနဲ့...ငယ့် ခေါင်းကို ခွပ်ကနဲ မြည်အောင်
ခေါက်လိုက်တယ်....

"အ့..."

"အဲ့လောက်တောင်ပျော့ညံ့ရလား...
ထစ်ကနဲဆို မျက်ရည်ကျတတ်တဲ့ မင်း အကျင့်ကို
ပြင်စမ်းပါ....တကယ်ပါပဲ ပျော့ညံ့ညံ့နဲ့....
အဲ့တာတွေကို မကြိုက်တာ....
ငါ လက်ထပ်မဲ့ သူက မင်းလေ...
ဘာငိုစရာပါလို့လဲ...
နောက်နှစ်ဆို မင်း ၁၈နှစ်ပြည့်ပြီ မလား..."

"ဟုတ်...ဟုတ်တယ်လေ...
၁၈နှစ်ပြည့်မှာ...အဲ့တာ စ စရာလား တီချယ်...
ဟင့်...ဟင့်..."

"ရော်...မငိုနဲ့တော့ ကလေးလေးကျနေရော...
တိတ်တော့နော်...တကယ်ပါပဲ...
အဲ့ အကျင့် မပြင်ရင် တို့ လုံးဝ မင်းကို
လက်မထပ်ဘူး...."

"ဟင့်...တီချယ်နဲ့ ပတ်သက်ရင် ‌မောင်မှ မနေနိုင်တာလို့...နောက်ဆို မစ နဲ့ကွာ မောင် မကြိုက်ဘူး...."

"တကယ်တည်းနော်....
အောင်စာရင်းထွက်တဲ့နေ့တုန်းက
သူ စ တုန်းကျတော့ ရတယ်ပေါ့...."

"ဟင့်...တီချယ်က အတည်ပေါက်ကြီးပြောတာကိုး."

"အေးပါဟယ်...ငိုမနေနဲ့တော့...
တီချယ်လည်း မောင် မရှိရင် မနေတတ်ဘူးကွယ်...
ဒီအတောတွင်း...မောင် အနားမှာ မရှိတော့..
လူက အရူးလိုပဲ....
စိတ်နဲ့ ကိုယ်မကပ်ဘူး...
မောင်လိုက်လာရင် သိပ်ကောင်းမှာပဲလို့...
စဉ်းစားနေတာ...နောက်ကျမှ လိုက်လာလို့...
အပြစ်ပေးတာ....မှတ်ကရော..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Dove le storie prendono vita. Scoprilo ora