Part-6

10.2K 595 50
                                    

သက် အိပ်ယာ‌နိုးတော့...
ကလေးရဲ့ရင်ခွင်ထဲ သက်က ရောက်နေတယ်....
ညက သက်ရင်ခွင်ထဲမှာ ကလေးငယ်ကို ထည့်အိပ်တာပါ...
ဘယ်လိုတောင် အိပ်ဆော့လိုက်လည်း မသိပါဘူး..
သက် တစ်ညလုံး...ကလေး လက်မောင်းလေးကို ခေါင်းအုံးပြီး အိပ်ခဲ့တာလား...ကလေး
လက်မောင်းတွေ ကျဉ်နေတော့မှာပဲကွယ်...
ကြည့်ပါအုံး...ခြေထောက်မှာ အနာတွေတောင်
အရောင် မလျော့သေးဘူးလား....
မနက်4နာရီ ရှိပြီမို့....
မေမေရဲ့ ဘုရားရှိခိုးသံတွေ တောင် ကြားနေရပြီ...
သက်လည်း ထမင်းဟင်း ချက်...အဝတ်လဲပြီး...
ကလေးတွေ လာတာ စောင့်နေလိုက်တယ်....
သက် စာသင်ပြီး ၇နာရီလောက်ကျတော့...

"ကာလနဂါးလေး....ထတော့..."

"ဟင်...အိပ်ချင်သေးတယ်...၅မိနစ်..."

"ထတော့ဆို..."

"ဟအင်း...အိပ်အုံးမယ်...တီချယ်က မနက်စောစောစီးစီး အိမ်လာလည်တာလား..."

မျက်လုံးကြီး မှိတ်ပြီး အိပ်ချင်မူးတူးပြောနေလေရဲ့..

"ကြီးတော်...မျက်လုံးလေးဖွင့်ပါအုံး..."

"ဟင်...၅မိနစ်ပြည့်ရင်ဖွင့်မယ်...."

"မဖွင့်ဘူးလား...အခုဖွင့်..."

"ဟုတ်....ဝါး...
ဟင်!!!ဘယ်ရောက်နေတာလဲ..."

"ကျွန်မအိမ်လေ...လာလည်တာ..."

"ဟီး...အိပ်ငိုက်နေလို့ တီချယ်...ဆောတီး...
ဟင်!!!!...ခု...ခုနစ်နာရီတောင်ထိုးသွားပြီ...
ဟို....သ...သမီး ‌အိပ်ပျော်သွားလို့ပါ...
နောက်မဖြစ်စေရဘူးနော်တီချယ်...
ခွင့်လွှတ်နော်...."

"ခွင့် မလွှတ်ပါဘူး...."

ရိုက်ခံထိမှာကြောက်နေလိုက်တာများ..
သက်ကဖြင့် ဘာမှတောင် မပြောရသေး...
သူက အရင်ခွင့်လွှတ်ခိုင်းနေပြီ...
သက်ရဲ့‌ကလေးက အဲ့သလို ငကြောက်လေးပါ....

"ဟင်...တီချယ်...မနေ့က အနာတွေ တောင်
ကောင်းသေးတာ မဟုတ်ဘူး....လမ်းတောင် မလျှောက်နိုင်ဘူး...."

"စတာပါ...ရုပ်ကြီးက အဖြစ်သည်းနေလိုက်တာ...
တီချယ်ပဲ ပေးအိပ်ထားတာလေ...
သမီးအပြစ် မဟုတ်ဘူး...ဟုတ်ပြီလား..."

ငယ့်ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးနေတော့
အချစ်ပိုရပြန်တယ်....
အနာပေးလိုက် ဆေးပေးလိုက်ဆိုတာ
ဒီ အမျိုးသမီးရယ်ပါ....
သို့ပေမဲ့ ငယ်မကြိုက်...
အနာပေးလိုက် ဆေးပေးလိုက်က ဆရာဝန်တွေပဲကောင်းသည်...
ဆရာမတွေ လုပ်ရင်တော့ မကောင်းပေ...

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now