Part-34 Extra

8.7K 404 29
                                    

"မောင်... ခင်စုတို့ကို လေဆိပ်မှာ သွားကြိုရအုံးမယ်မလား...မလာသေးဘူးလား..."

"မောင် လာနေပြီ တီချယ်...
ရောက်တော့မယ် အိမ်ရှေ့ ထွက်စောင့်နေနှင့်တော့..."

"ဟုတ်ပြီမောင်.."

"တီး.....တီး....."

"ရွှေရေ....သမီး ဒယ်ဒီရောက်နေပြီ....ထွက်ခဲ့တော့...
နောက်ကျတော့မှာပဲ...ဒီကလေး တစ်ယောက်နဲ့....
မြန်မြန်ကို မလာဘူး...ညည်း ဒယ်ဒီ အတိုင်းပဲ...
ငရစ်တွေ...."

"မာမီရယ်...ရှိသမျှ ဒယ်ဒီ အတိုင်းပဲ လုပ်နေတော့တာပဲ...."

"ရွှေရွှေ...တော်ပါတော့....
ညည်းလည်း ညည်း မာမီ အတိုင်းပဲ ပွစိ ပွစိနဲ့....
နားကိုညီးတယ်..."

"ရှင် ဘာပြောလိုက်လဲ....ပြန်ပြောစမ်းပါအုံး...."

"အား....တီချယ်...မောင် နား နာနေတယ်လေ...
အရမ်း မဆွဲနဲ့...."

"ဟင့်...စကား က ဆင်ခြင်ပြောနော်...
အနားမှာ နေပြီးတော့...နားရွက်ပါ ပြတ်မယ်...
ကြပ်ကြပ်သတိထား...."

"ဟုတ်ကဲ့..."

"ပြောလိုက်ရင်တော့...ဟုတ်ကဲ့..ဟုတ်ကဲ့နဲ့....
လုပ်လိုက်ရင်တော့...မလွတ်တလွတ်တွေချည်းပဲ...
ညကျရင်လည်း...ဖြူနဲ့ club မှာ သွားကဲအုံးသိလား...မေ့နေမှာစိုးလို့...သတိပေးတာ..."

"တီချယ်ကလည်း မောင် မမေ့ပါဘူး စိတ်ချပါ..."

"ခွပ်...."

"ရွဲ့နေတာ...ရွဲ့နေတာ...
တော်ရုံပဲသောက်လာနော်....
လူမှန်းမသိအောင် သောက်ခဲ့ရင်တော့...
အိမ်ထဲပေးမဝင်ဘူး....တစ်ညလုံး...အိမ်ပြင်မှာ...
မတ်တပ်ရပ်ခိုင်းထားလိုက်မယ်...."

"ဟုတ်ကဲ့...ကြောက်ပါတယ်...မောင့်ဆရာကြီးရယ်"

"ခင်စုရဲ့ ဖြူ ဆို ဘယ်လောက် လိမ္မာလဲ...
သေသေချာချာ ကြည့်ထား...ဟိုးမှာတွေ့လား...
ခင်စုက ဘာ အထုပ်မှကို သယ်စရာမလိုဘူး...
ဖြူက အကုန်သယ်ပေးတာ...."

"မောင်လည်း တီချယ့်ကို သယ်...."

"ဆက်မပြောနဲ့ ဆင်းမယ်...."

"ဟွန့်....တကယ်ပါပဲ....
ဆရာမ‌တွေများ အရမ်းနိုင်ထက် စီးနင်း သိပ်လုပ်တာပဲ...."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now