Part-21

7.9K 543 57
                                    

"တီချယ်...ဟို..လဝန်းလာပို့ခိုင်းလိုက်လို့..."

"ဟမ်း!!!"

"အမလေး...လန့်လိုက်တာ တီချယ်ရယ်..."

"မင်းသူငယ်ချင်းက ဘယ်မလဲ....
သူက ဘယ်မှာ အလေနတောလိုက်နေလို့...
သူကိုယ်တိုင် မလာနိုင်ရတာလဲ....
တို့က သူ့ကို တွေ့ချင်လို့ ညနေစာ လာပို့ခိုင်းတာလေ...ဒီတိုင်းဆို ကိုယ့်ဘာသာကိုယ်လည်း...
ထွက်ဝယ်စားတတ်တာပေါ့...."

"ဟို...သူ...သူက...အယ်...ကမ်းနားဘက်မှာ
စိတ်ညစ်လို့...သွား...သွား..ထိုင်နေပါတယ်...."

"အဲ့နေရာကိုမောင်း..."

"ဟုတ်...ဟုတ်ကဲ့..."

"မင်းက ဘယ်လိုဖြစ်ပြီး အသံတွေ တုန်နေတာလဲ...
တီချယ့်ရုပ်က အဲ့လောက် ကြောက်ဖို့ကောင်းနေလို့လား...."

"ဟုတ်ကဲ့...အယ်...မ...မဟုတ်ပါဘူး...."

"တီချယ့်ကို မင်းသူငယ်ချင်း စိတ်ညစ်နေတဲ့ အကြောင်း ပြောပြလို့ရမလား...."

"ဟို...တီချယ် သိချင်ရင်တော့ ပြောပြလို့တော့
ရပါတယ်...ဟို ဒါပေမဲ့ လဝန်းရှေ့မှာတော့ မသိသလို ဟန်ဆောင်ပေးပါလား တီချယ်...
သူ အနေခက်နေမှာစိုးလို့ပါ...."

"အင်း...တီချယ် လည်း နားလည်ပါတယ်...
သိချင်တယ်ဆိုတာကလည်း သူခံစားနေရတာတွေကို
နားလည်ပေးချင်လို့ပါ"

"ဟုတ်...ဒီလို တီချယ်......"

ဖြူလည်း သူငယ်ချင်းခံစားနေရတာတွေကို
မျှဝေခံစားပေးမဲ့ လူ‌တော့ ရှိသင့်တယ် အထင်နဲ့
အလုံးစုံပြောလိုက်တယ်....

"ဒါဆို အခု ကလေးက ဘယ်လို စဉ်းစားထားလဲ..."

"လဝန်းက ကျောင်းဆက်မတက်ဖို့ စဉ်းစားနေတယ် တီချယ်..."

"အဲ့လိုတော့ ဘယ်ရမလဲကွယ်...
တီချယ့်ကြောင့် သူ့ တက်လမ်းတွေ ပိတ်ကုန်တော့မှာပဲကွယ်..."

"တီချယ်..အဲ့လိုတော့ မတွေးလိုက်ပါနဲ့..
တီချယ်ပဲ စဉ်းစားကြည့်...
လူ‌တယောက်က သူ မချစ် မနှစ်သက်တဲ့ သူနဲ့
နေရတာ ငရဲကျတာထက် ပိုဆိုးတာပါ....
နောက်ပြီး...သူ့မိသားစုကကော သူ့အပေါ် ဘယ်တုန်းကများကောင်းခဲ့လို့လဲ...."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now