Part-30

10K 579 112
                                    

"ဖူး...ဖူး..စပ်နေလားဟင်..."

"ဟီးဟီး..စပ်တော့စပ်တယ်...ဒါပေမဲ့...
ဒီဘက်ပါးလေးကို အာဘွားပေးရင်တော့
မစပ်တော့ဘူး..."

"လူလည်လေး...ဘာမှလည်း မဆိုင်ဘူး..."

"ဆိုင်တယ်လေ...ပေး...ပေး..."

"မပေးဘူး...."

"တီချယ်နော်...ပေးကွာ...
ဒီဘက်ပါးလေးက ချောချောမွေ့မွေ့လေး
နမ်းလို့ကောင်းပါတယ်..."

"ဘယ်သူက နမ်းလို့ မကောင်းဘူးပြောလို့လဲ...
ဒီမှာကြည့်...မွ...မွ..."

"တီချယ်ရယ်...နှစ်ဖက်လုံး မပေးလည်းရပါတယ်..
တီချယ့်ပါးစပ်လေးထဲ ဆေးတွေ ဝင်ကုန်ပြီလား
မသိဘူး...ပါးစပ်ဟပြ..."

"အမလေး..အကဲပိုလေး...မဝင်ဘူး..
ထ..ကျောင်းလိုက်ခဲ့နော်...သဘက်ခါ‌ကျ မောင်ကသွားရတော့မယ်ဆိုတော့ အိမ်မှာ ပစ်မထားခဲ့နိုင်ဘူး.."

"ဟီးဟီး..ဟုတ်သွားမယ်..."

ငယ်ကတော့ ရေချိုးပြီးပြီမို့ အဝတ်လဲပြီး
တီချယ်ရေချိုးတာကိုစောင့်နေတယ်...
တီချယ်ဝတ်ဖို့ အတွက်..ကျောင်းရင်ဖုံး‌နဲ့
ကျောင်းစိမ်းထမီကိုလည်းထုတ်ပေးဖြစ်တယ်...

"မောင်..ကုတင်ပေါ်ကဟာက
မောင်ထုတ်ထားပေးတာလား..."

"ဟုတ်တယ်လေ..တီချယ်..."

"မောင်ရယ် ဘုန်းနိမ့်ကုန်တော့မှာပဲ..."

"ဟော...မောင်က ဘုန်းနိမ့်စရာလား...
ကိုယ့်အမျိုးသမီးလေးအတွက် ထုတ်ပေးတာပဲကိုး..
လက်ထပ်ပြီးရင်လေ...တီချယ့် ထမီတွေကိုပါ
မောင်က လျှော်ပေးအုံးမယ်..."

"အိုး...တီချယ့်မိန်းခလေးက ချစ်စရာလေး...
မွ...မွ..."

"ဟွန့်..တီချယ် ဒီနေ့တော်တော် အသားယူတယ်နော်
မောင်တောင် မနမ်းရသေးဘူး...တီချယ်ချည်းပဲ
နမ်းနေတာ...အခုအကြွေးပြန်နမ်းတော့မယ်...မွ..မွ.."

"သူများက အခုပဲရေချိုးပြီးတာကို..."

"မကျေနပ်ရင် ပြန်နမ်းလေ..."

"တော်ပြီ..လူလည်လေး....အိမ်ရှေ့ ထွက်စောင့်နေတော့..တီချယ် အခုထွက်လာမယ်..."

"ဟုတ်ကဲ့..."

လာပါပြီ...မောင့်ရဲ့ဆရာမကြီး....
အဖြူအစိမ်းလေးဝတ်ထားတာ‌ ‌မတွေ့ရတာ အတော်ကြာပြီ....
ရိုးရိုးယဉ်ယဉ်လေးနဲ့လှတယ်ဆိုတာ...
တီချယ့်ကို တင်စားပြီး ပြောကြတာနေမှာ....

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Kde žijí příběhy. Začni objevovat