Part-11

9.8K 576 56
                                    

ပိုင်ဆိုင်ခွင့် မရှိမှန်းတော့ သိပါတယ်...တီချယ်ရယ်
ဒါပေမဲ့....တီချယ့်အနားမှာတော့ နေချင်မိတာပေါ့..
ဒီလို အခြေ‌အနေ မျိုးလေးနဲ့ပဲ နေရလည်း ကျေနပ်တယ်....တီချယ်သာ...ငယ့် အနားမှာ မရှိတော့ရင်..
အို.....မဟုတ်တာတွေ....မတွေးပါနဲ့လား....

"ဒီနေ့ တီချယ့်ထက်တောင် အစောကြီးနိုးနေပါ့လား..."

ငယ်...ဒီနေ့တော့ အစောဆုံးနိုးတယ်...
တီချယ် အိပ်နေတာလေးကို ငယ်ငေးကြည့်နေမိတယ်
အတန်ကြာမှ တီချယ့်မျက်လုံးလေး ဇွက်ကနဲပွင့်လာတော့ သူခိုးလူမိပြီး လန့်သွားတယ်...
တီချယ့်အပြောတွေ ကြည့်ရတာ
စိတ်ဆိုးပြေပြီနဲ့တူပါရဲ့...

"ဟုတ်တယ် တီချယ်... morning"

"Morning သမီး‌ငယ်..."

"တီချယ်ထတော့မှာမလား...သမီး တီချယ်နဲ့တူတူ
ဟင်းဝိုင်းကူချက်ပေးမယ်လေ..."

"ငါ့တူမ ဘာဆေးတွေ မှားသောက်ထားလဲ..."

"ဟာ...တီချယ်ကလည်း သမီးက လိမ်လိမ်မာမာ
နေတော့မယ့်ဟာကို..."

"ဟင်း...ဝမ်းနည်းသွားပြီ..."

"ဘာလို့လဲတီချယ်..."

"အိမ်က ကြိမ်လုံးတွေ ဖုန်တက်ကုန်မှာစိုးလို့...ဟားဟား.."

"ဟား...ဟား...တီချယ်ကလည်း..."

"တီချယ်..."

"ဝေ.."

"တီချယ် ဒီလိုမျိုးပဲ ပြုံးပြုံးကလေးနေပါ့လားဟမ်"

"အင်း...နေစေချင်တယ်ပေါ့"

"နေစေချင်တာပေါ့...တီချယ်..ဒီလိုမျိုးနေရင်...
သမီး အလိုလို ပျော်တယ်သိလား...
ဘာကြောင့်လဲတော့ မသိဘူး...မနေ့ကလို...
ရုပ်တည်ကြီးနဲ့...နင်တွေ ငါတွေနဲ့ပြောတော့....
သမီး အရမ်းပဲ ခံစားရတာပဲ....
မျက်ရည် မကျ‌အောင်တောင် မနည်းထိန်းထားရတယ်..."

"အဲ့တာဆို လိမ်လိမ်မာမာနေပေါ့...
သမီးမဆိုးရင်...တီချယ်လည်း မဆိုးပါဘူး..."

"ဟီး...ဟုတ် သမီး မဆိုးတော့ဘူး..."

"ကဲ...ဒါဆိုလည်းထ..."

"ဟုတ်ကဲ့တီချယ်..."

သက်..ကလေးကို သိပ်ချစ်နေမိပြီ....
အနေနီးလေ...ပိုချစ်ရလေ...
မချစ်မိအောင်...ကိုယ့်စိတ်ကိုယ်ပြန်ထိန်းမိပါတယ်..
တခါတလေ...ကလေးနဲ့ အတူရှိနေတဲ့ အချိန်တွေဆို
သက်ဘဝရဲ့ နိဗ္ဗာန်ပဲ....
ဒါပေမဲ့...သက်က ဆရာမတစ်ယောက်....
ကိုယ့် ကလေးရဲ့ အနာဂတ်တွေကိုတော့..
ကိုယ်တိုင် ရိုက်ချိုးလိုက်တဲ့ အဖြစ်မျိုးအထိတော့...
သက် မရူးသေးပါဘူး...
ကလေးငယ်ရယ်.....
တကယ်တော့...မင်းဟာ အမြဲ တီချယ့် အပေါ် နိုင်စား
လွန်းတယ်ကွယ်....တီချယ်လေ...
ညဘက်တွေ ဆိုရင်တောင်...မင်းဘေးမှာ ရှိနေရင်...
အတွေးတွေက မင်းဆီပဲ နယ်လှည့်လွန်းလို့...
အိပ်မပျော်တဲ့ရက်တွေတောင် များပြီကွယ်......

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now