Part-16

8K 538 81
                                    

"ဖေဖေ...သမီးကို ဘာဖြစ်စေချင်တာလဲ..."

ညက အိပ်မပျော်တာနဲ့ အတူတူ..
မနက်လည်း အစောကြီး နိုးနေခဲ့တယ်....
နိုးပြီဆိုတာနဲ့ အိမ်ရဲ့ စစ်ပွဲတွေက...
စတင်တော့တာပဲ...
ဒါဟာလေ...'တီချယ်'ဆိုတဲ့ ပန်းတိုင်လေးဆီ
အရောက်လှမ်းဖို့ပေါ့...

"သမီး တီချယ်က သမီးကို သိမ်းကျုံးချင်နေတာ..
သူနဲ့ဝေးအောင်နေ..."

"ဖေဖေ...ဖေဖေ့စကားတွေကလွန်နေပြီ...
အခုလိုချိန် ဆရာနဲ့ တပည့် ဆိုတဲ့...
အဖြူထည်သံဃောဇဉ်ပဲရှိတာ....
တီချယ်က သမီးကို တူမ လို့တောင် မသတ်မှတ်ဖူးဘူး..."

အဖြူထည် သံဃောဇဉ်...
ဟုတ်တာပေါ့...အဖြူထည်သံဃောဇဉ်လေ...
ဘယ်သူမှ ဖြတ်လို့မရတဲ့ သံဃောဇဉ်ကြိုးလေး
တစ်ချောင်း....

"အဲ့တာတွေက နင်တို့ လုပ်ရပ်တွေ နင်တို့ပဲသိမှာပေါ့..
ငါပြောချင်တာ နင့်တီချယ်ကို ထပ်ပြီး
အပြောမခံစေချင်တော့ရင်
သူ့အနားက ဝေးဝေးနေလိုက်...
ဒီကိစ္စ ဒီမှာ မရပ်ရင်...ဟသ်ာတက ကြီးကြီးခိုင်တို့ပါခေါ်ပြီး နင့် တီချယ်မိသားစုကို ဖြတ်စီးခိုင်းမယ်...
ဒါပဲ..."

ဘာတွေလဲ...ငယ် နားမလည်တော့ဘူး...
ဖေဖေတို့က ငယ်တို့ ဆက်ဆံရေးကို သိနေကြတာလား...

ဖေဖေ...ထွက်သွားပြီးလို့ တအောင့် အကြာမှာ...

"မေမေ...သမီးကို ဆွေမျိုးတွေ အကြောင်း တစ်ချက်ပြောပြပါလား..."

"ငါ့သမီးလည်း အရွယ်ရောက်ပြီးဆိုတော့ မေမေပြောပြပါ့မယ်ကွယ်....
ဒီလို....မေမေတို့ အသိုင်းအဝိုင်းဘက်မှာက
သမီးရဲ့ အဖိုးပြည့်ရယ်...ကြီးကြီးခိုင်တင်ရယ်...
ကြီးကြီးလှိုင်တင်ရယ်...နောက်ပြီး..သမီး တီချယ်ရဲ့
အမေရယ်ပေါ့....
ဒီလေးယောက်ရဲ့ အဖေနဲ့ အမေ...
ပြောရရင် မေမေ့ရဲ့ အဘိုးတွေ အဘွားတွေပေါ့...
သူတို့က အရမ်းချမ်းသာတာ သမီးရဲ့...
ဟသ်ာတမှာဆို သူတို့ရဲ့ မြေကွက်တွေ ချည်းပဲ..
အဲ့မှာ..ကြီးကြီးလှိုင်နဲ့ ကြီးကြီးခိုင်က အမွှာတွေပေါ့..
သူတို့က မောင်နှမတွေ ထဲမှာ အကြီးဆုံး..
ပြီးတော့သမီး ဖိုးဖိုး...နောက်တော့မှ သမီးဆရာမရဲ့
အမေပေါ့...
သမီးဆရာမရဲ့အမေက...သူဌေးသမီးဖြစ်ပါလျက်နဲ့
သူ့ကို ကျောင်းပို့ပေးတဲ့ ဒါရိုက်ဘာနဲ့ ခိုးပြေးသွားကြတယ်...
အစကတော့ ဘာမှ မလုပ်ကြပေမဲ့...
နောက်ပိုင်း ကြီးခိုင်နဲ့ ကြီးလှိုင်က အမွေဖြတ် စွန့်လွှတ်ဖို့...သူတို့ အမေကို ဖိအားပေးကြတယ်...
အဲ့တာနဲ့ အမွေဖြတ်စွန့်လွတ်လိုက်တာ...
သူတို့မောင်နှမ နှစ်ယောက်က သိပ်ကို ကောက်ကျစ်တယ်...တစ်ခုခုဆို သမီး ဆရာမပါ ထိခိုက်လိမ့်မယ်...သမီးလည်း ဆင်ခြင်ပေါ့ကွယ်...
မေမေကတော့ ဘာမှ မပြောလိုပေမဲ့...
သမီးအဖေ အတ္တကြီးတာ သမီးလည်း သိမှာပေါ့ကွယ်...
အခု ချိန်မှာတော့ ကိုယ့်ခြေထောက်ပေါ်‌ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားထားတာ အကောင်းဆုံးပဲ..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now