Part-4

10.1K 609 29
                                    

"မေမေရေ...ခနနေ...ဦးပြည့်တို့ကား
ရောက်တော့မယ်နော်...အဆင်သင့်ဖြစ်ပြီလားတဲ့..."

"မေမေတို့က အကုန် အဆင်သင့်ပဲ..
သမီးရေ...သမီးပဲ ထွက်လာတော့..."

"လာပါပြီရှင်..."

"တီ..တီ...တီ..."

ကားပေါ်မှာ...

ဖေဖေကကားမောင်းခဲ့တယ်...
ဖိုးဖိုးနဲ့မေမေက တစ်တွဲ...
တီချယ့် ဖေဖေနဲ့မေမေက တစ်တွဲ....
အနောက်ခန်းမှာတော့ တီချယ်ဒေါ်ဒေါ်နဲ့ ငယ်ပေါ့...

တီချယ်ကလေ...ပန်းနုရောင်ဝမ်းဆက်လေးနဲ့
ဒီနေ့လည်း သိပ်လှနေပြန်တယ်....
စာသင်ချိန်ကလွဲရင်...ကျန်တဲ့ အချိန်တွေဆို
တီချယ်ဟာ ငယ့်ရဲ့ အချစ်ခံလူသားလေးပါပဲ....

ယခုလည်း အချစ်စရာ အမူအရာလေးနဲ့
ငယ့်လက်မောင်းလေးကို မထိတထိလေး
တို့ပြီး လှမ်းခေါ်နေပြန်တယ်...

"ဟိတ်..."

"ရှင်"

"ဒီမှာ တို့ တယောက်လုံး
လာထိုင်နေတာတောင် မနှုတ်ဆက်ဘူးနော်...
ကျူရှင် ဖွင့်တဲ့နေ့မှ စာတွေ အများကြီးမေးပြီး
ရိုက်ပစ်မှာ...မှတ်ထား..."

"အယ်...ဟို..နှုတ်ဆက်မို့ပါပဲ..."

"‌တီချယ့်ကိုကြောက်နေတာလား..."

"ဗျာ...အယ်...ဟို...မ...မကြောက်ပါဘူး..."

"မကြောက်ရင် ဒီဘက်တိုးလာ..."

ငယ့်ကို သူ့အနား ဆွဲခေါ်နေတာ....
ငယ်လည်း အလိုက်တသိပဲ အနား ကပ်ထိုင်ပေးလိုက်တယ်....

"လိမ်တယ်နော်...လူလိမ်လေး...
ရှင်လေး ကျွန်မကို ကြောက်နေတာ သိပါ့..."

"ဟီးဟီး..."

"ရုပ်ကြီးကိုက...မနေ့ညကတည်းက
အခဲကြေနေတာမဟုတ်ဘူးနော်...."

"ဟီးဟီး..."

ဟုတ်သားပဲ...
ညက ငယ် တီချယ့်ကို စ ပြီး အပြေးထွက်ခဲ့တာ...
မေ့နေလေရဲ့

"ဒေါ်ဒေါ်..."

"ဘာတုန်း..."

"‌ဒေါ်ဒေါ့်မွေးနေ့ကျရင် ဘာလိုချင်လဲဟင်"

"ဟင်...ကျွန်မမွေးနေ့ကိုကော သိလို့လား
ရှင်လေးက"

"သိတာပေါ့....ဒီလ ၂၀ရက်နေ့မလား...
မှန်တယ်မလားဟင်.."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now