Part-5

10.8K 653 53
                                    

"လဝန်း...တီချယ် အုန်း‌ရည်သောက်ဖို့သွားဝယ်လိုက်အုံးမယ်နော်...ဒီမှာပဲ ခဏစောင့်နေ...ဘယ်မှ မသွားရဘူးနော်"

"ဟုတ်ကဲ့...တီချယ်"

တီချယ် အုန်းရည်သွားဝယ်တုန်း ပတ်ဝန်းကျင်လေးကို တချက်ရှိုးလိုက်တာ...

မသိရင် ဖေဖေနဲ့မေမေက ဟန်းနီးမွန်းထွက်လာသလိုပဲ...ရေ‌ကစားရင်းပျော်နေကြတာ...ရုပ်ရှင်ရိုက်နေတယ်လို့‌တောင် အောက်မေ့ရတယ်...
ရယ်လို့မောလို့....သူတို့မွေးထားတဲ့ သမီးလေးကိုကျ
အဒေါ်ကြီးနဲ့ ထားခဲ့တာ...တကယ်မကောင်းဘူး...
အိမ်ရောက်မှ ဆိုးပြမယ် ဟွန့်....

"ဝေ့..."

"အမလေး...ဗုဒ္ဓေါ"

"ဘာတွေ ရွတ်နေတာလဲ"

"ဟို...ဟို...ဘုရားစာ ရွတ်နေတာ တီချယ်..."

"အား...တီချယ်...နာတယ်လေ..."

"နာအောင်ပဲ ဆွဲတာလေ...နောက်ဆို အစားများများစား...ဗိုက်ခေါက်လေးက သေးသေးလေးဆွဲလို့လည်း မကောင်းဘူး..."

"ဟုတ်ကဲ့...အယ်...ဟို မစားပါဘူး"

"နေပါအုံး...မင်းက ဖေဖေနဲ့မေမေကို အတင်းတုတ်နေရအောင်...တီချယ်နဲ့ မနေချင်ဘူးပေါ့..."

"မဟုတ်ပါဘူး နေချင်ပါတယ်.."

"အင်း...ပြီးတာပဲ"

တီချယ်ကလေ...အုန်းရည်သွားဝယ်ခဲ့တယ်..
ဒါပေမဲ့ တစ်လုံးထဲရယ်....
ငယ်က ဘယ်လို သောက်ရမတုန်း...
တီချယ်သောက်နေတာပဲ ထိုင်ကြည့်မိတော့တယ်...

"သောက်လေ လဝန်း"

"ဟို...ဟို"

"ရော့ ဒီမှာ ပိုက်နှစ်ချောင်းပါတယ်လေ...သောက်.."

"ဟုတ်ကဲ့"

ဟီးဟီး ငယ် ရင်ခုန်တယ်သိလား...
ရုပ်ရှင်တွေထဲကလိုပဲ...
ချစ်သူစုံတွဲတွေက အုန်ရည်တစ်လုံးကို ပိုက်နှစ်ချောင်းနဲ့ အတူတူ သောက်နေကြတဲ့ ပုံစံမျိုး....
ဒါပေမဲ့...မဖြစ်ဘူးးးး....တီချယ်က ‌
ငယ်နဲ့လည်း အမျိုးတော်ကြသေးတယ်.....
တီချယ့် အသက်ကလည်း ငယ့် အသက် 2ဆ
လောက်ရှိတယ်.....
ပေါက်ကရတွေတွေးလို့ မဖြစ်ဘူး....
စိတ်ကို ပြန်ချုပ်ထိန်းမှ....

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now